Please Don’t Eat Me
[ENG TRANS] 請不要吃掉我 BY 好餓哦
Title 标题: Please Don’t Eat Me 請不要吃掉我
Author 作者: Hao E O 好餓哦 (So Hungry)
Genre 类型: romance 愛情,drama 劇情,fantasy 奇幻
Disclaimer 声明: The original story is written by Hao E O (So Hungry). This is a translation
project undertaken by the translator completely out of personal interest. Furthermore, this story
contains homosexual relationships and adult content. Reader’s discretion is advised. 此故事為網
絡小說家好餓哦所作。此作的英文翻譯純屬本人個人興趣,無意販賣盈利。此外,此作含有
同性戀愛情與成人內容,請讀者慎入。
For more information contact 如有問題請聯繫: 翻譯 790249948@qq.com
Synopsis
A little mouse who thought he would get eaten finally eats the snake that has been hankering
after him.
As for what he used to eat with? You know and I know—ho ho ho~ *crow-like cackling

Advertisements

DMBHWA Chapter 7: Shaking the Car

NSFW WARNING!!! THIS CHAPTER CONTAINS ADULT MATERIAL. ADULTS ONLY.

သူတကယ်ကို စိတ်ကျေနပ်မှုမရှိတာကြောင့် An He ထိုနေ့ အတန်းလစ်ပြီး Zhao Kaiming ကို အိမ်ဆွဲခေါ်ချင်နေသည်မှာ အမှန်။

မထင်မှတ်ထားမိတာက ပိုပြီး စိတ်မရှည်ဖြစ်နေတဲ့သူက Zhao Kaiming ပင်။ သူတို့ ကားပေါ် တက်ပြီးတာနှင့် သူ An He အဝတ်အစား အကုန်လုံးကို ပြောင်စင်အောင် ဆွဲဖြဲပစ်လိုက်သည်။

An He ကျယ်ကျယ်ဝန်းဝန်း ရှိသော နောက်ဖက်ထိုင်ခုံပေါ် လှဲချပြီး စိတ်မထိန်းနိုင်တော့ပဲ ကိုယ့်အဝတ်အစားကို ချွတ်နေတဲ့ Zhao Kaiming ကို လှမ်းကန်လိုက်သည်။

“ကျွန်တော့ကိုပြော … ခင်ဗျား ဒီကားကို ဝယ်တာ အချိန်မရွေး ‘ချစ်’ ချင်တာမလား? ဒီကားထဲ လူဘယ်နှယောက်လောက်နဲ့ ခင်ဗျား လုပ်ပြီးပြီလဲ ဆိုတာ ကျွန်တော်လည်း သိချင်မိသား”

Zhao Kaiming သူ့ အဝတ်အစား တွေကို ရှေ့ခန်းထဲ အကုန်ပစ်လိုက်သည်။

“မင်းတော့ ကိုယ့်ကို မတရားစွပ်စွဲနေပြီ၊ bar နဲ့ hotel က လွဲရင် ကိုယ် ဘယ်နေရာမှာမှ မလုပ်ဖူးပါဘူးကွာ”

ပြောပြီးသည်နှင့် Zhao Kaimimg က An He ခြေထောက်တစ်ဖက်ကို သူ့ရင်ဘတ်ရှေ့ မ,တင်လိုက်သည်။ သူခံစားလိုက်ရတာက ဒီလူသားလေးဟာ တကယ်ကို ပျော့ပြောင်းလွန်းတယ် ….

“ခင်ဗျား ကျွန်တော့ကို လိမ်ပြန်ပြီ … ကျွန်တော်တို့ ဆေးရုံမှာတုန်းက လုပ်ခဲ့ဖူးပြီလေ”

An He ပြောရင်း ရယ်နေပေမဲ့ ရင်ထဲမှာတော့ ပန်းပွင့်နေသည်။ Zhao Kaiming စကားလုံးတွေက မျက်နှာချိုသွေးသလို ဖြစ်ပေမဲ့ An He အတန်အသင့် ပျော်နေမိတာတော့ အမှန်ပင်။

Zhao Kaiming ဆက်လက်ရှင်းပြနေသည်။

“ဒါ မင်းလေး တအား sexy ကျလွန်းလို့ မဟုတ်ဘူးလား။ ဘယ်သူကများ ဆေးရုံက စမ်းသပ်ခန်းထဲ ကိုယ့်ကို ဆွဲဆောင်ရဲလို့လဲ?”

Zhao Kaiming ထပ်ခါထပ်ခါပင် သူတစ်ခါမျှ တခြားလူနှင့် အဲ့လို မလုပ်ဖူးကြောင်း ရှင်းပြနေသည်။ သာမန်အချိန်ဆိုလျှင် သူ Bar တွေမှာ လူတွေကို ဆွဲပြီး သန့်စင်ခန်းထဲ လုပ်ဖူးသည် ဆိုပေမဲ့ လူနာတစ်ယောက်ကို စမ်းသပ်နေရင်း လုပ်ခဲ့ဖူးတာတော့ တကယ်ကို ပထမဆုံး အကြိမ် ဖြစ်သည်။

An He အဲ့တာကို ကြားတော့ သူတကယ်ကို စိတ်လှုပ်ရှားသွားသည်။ လက်နှစ်ဖက်ကို Zhao Kaiming လည်ပင်းဆီ သိုင်းဖက်လိုက်ရင်း နှုတ်ခမ်းလေးကို နမ်းလိုက်သည်။
Zhao Kaiming ညင်သာနေရာမှ ကြမ်းတမ်းလာပြီး An He ၏ ပါးစပ် သေးသေးလေးကို လျှာဖြင့် သပ်လိုက်၊ စုပ်ငုံလိုက် လုပ်နေသည်။

An He တကိုယ်လုံး ပိုးယွနေသလို ခံစားရပြီး Zhao Kaiming ခါးပေါ် ခြေထောက်ကို ပတ်ပြီး တင်ထားလိုက်သည်။

Zhao Kaiming အတွက် ဒါ အချိန်ကောင်းပဲ ဆိုကာ သူ့ပစ္စည်းကြီးကို ခပ်နက်နက်ရောက်အောင် ချက်ချင်း ထည့်သွင်းလိုက်သည်။

Zhao Kaiming ကို တွန်းထုတ်ဖို့ An He အားတွေ မနည်းသုံးလိုက်ရသည်။ သူပါးစပ်ကို အကျယ်ကြီးဟပြီး ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသည်။ အောက်က ထိုးသွင်းခံရတဲ့ အပေါက်လေးမှာကြောင့် သူ့အသက်ရှူနှုန်းက ပရမ်းပတာ ဖြစ်နေသည်။

“လူယုတ်မာကြီး … ခင်ဗျား ကျွန်တော့ကို အသက်ရှူကျပ်ပြီး သေအောင် လုပ်နေတာလား?”

Zhao Kaiming ခပ်ပြင်းပြင်းလေး နှစ်ချက်လောက် ထိုးသွင်းပြီး ရပ်ထားလိုက်သည်။

“လူဆိုးလေး … မင်းတော့ တစ်နေ့ပြီးတစ်နေ့ ပိုပိုပြီး အထက်စီးဆန်လာတယ်နော် …. မင်း ယောက်ျားကိုတောင် ပြန်ဆူတတ်နေပြီ”

“အ့ …. ကျွန်တော်ကြိုက်တယ် (ခုနက ထိုးသွင်းခံရတဲ့ အရသာ)…. ယောက်ျား .. ကျွန်တော် မှားပါပြီ … မရပ်လိုက်ပါနဲ့ … အ့ ….”

An He သူ့ရဲ့ အနည်းငယ် နာကျင်နေတဲ့ ဘယ်ခြေထောက်ကို လှုပ်လိုက်ပြီး ထိုင်ခုံရဲ့ အနောက်ဖက်ခြမ်းပေါ် တင်ထားလိုက်သည်။ ခြေထောက်ကို V-shape လို ကားထားလိုက်ပြီး Zhao Kaiming စိတ်တိုင်းကျ ပြုမူနိုင်အောင် ခွင့်ပြုပေးလိုက်သည်။ ယခုတလော Zhao Kaiming ရှေ့တွင် An He စိတ်ရှိသလို ပြုမူနေသည်။ ယခင်ကဖြင့် သူ Zhao Kaiming ပြောသလို အနေအထားကို နေပေးရုံသာ။ လက်ရှိမှာတော့ သူ Zhao Kaiming ရှေ့ မင်းမဲ့စရိုက်ဆန်စွာ ပြုမူနေသည်။ ထိုသို့ ပြုရသည်မှာလည်း Zhao Kaiming နှလုံးသားထဲ သူနေရာတစ်ခုစာ တည်ရှိနေသည်ကို ခံစားနေရလို့ပင်။

“ကောင်းပြီ … အကယ်၍ မင်းယောက်ျားကို ဆက်လုပ်စေချင်တယ်ဆိုရင် နားကြားကောင်းအောင်လေး တစ်ခုခု ပြောကြည့်လေ”

Zhao Kaiming ရပ်ရုံတင်မက ဆွဲပါ ထုတ်လိုက်သည်။ သူ An He ရင်ဘတ်ပေါ် မျက်နှာအပ်ပြီး စုပ်လိုက်၊လျက်လိုက် လုပ်နေပြီး စတော်ဘယ်ရီလို နီစွေးနေတဲ့ အမှတ်အသားများကို ပေးနေသည်။ An He ရဲ့ အသားအရေ က နူးညံ့ပြီး ဖွေးစွတ်နေသောကြောင့် နည်းနည်း ခပ်နာနာလေး လက်ရာလေး ပေးလိုက်သည်နှင့် သိသာထင်ရှားတဲ့ အမှတ်အသားများ ကျန်ခဲ့သည်။ ပေါင်တံ၊ တင်ပါး၊ ယုတ်စွ တကိုယ်လုံးပေါ်မှာ အမှတ်အသားများက နေရာယူနေပြီး Zhao Kaiming အား မယုံနိုင်သော စိတ်ကျေနပ်မှုတစ်ခုကို ပေးနေသလိုပင်။

An He အံကြိတ်လိုက်သည်။ Zhao Kaiming ရဲ့ လှုပ်ဆွနေမှုအောက်မှာ တကိုယ်လုံး ပူလောင်နေပေမဲ့ သူကိုယ်တိုင် မကျရှုံးချင်။ အချိန်တိုအတွင်းမှာ သူတို့ သိခဲ့ကြသည်၊ နှစ်ဦးလုံး အားနည်းချက်များကို အပြည့်အဝ နားလည်ကြပြီး မှားယွင်းမှုများလည်း မရှိ။ ၄င်းအပြင် ယခု Zhao Kaiming မှာ An He ဝမ်းဗိုက်ပေါ်၊ ပေါင်အတွင်းဖက်၊ တကိုယ်လုံး လိုလိုကို လျှာဖြင့် လျက်သပ်နေသည်။ Zhao Kaiming ရဲ့ အသက်ရှူထုတ်လိုက်သော ပူနွေးနွေး လေတချို့က An He လိင်တံပေါ် ကျရောက်နေပြီး ထိတွေ့မှုကို ငြင်းဆိုနေသည်။

မတိုးသာ မဆုတ်သာ အနေအထား တစ်ခုက အချိန်အနည်းငယ် ကြာသွားသည်။ An He သူ့နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ တကယ်တမ်းတော့ ဒါ ပထမဆုံး အကြိမ် မဟုတ်ပေ၊ တကယ်လည်း ပထမဆုံး ဖွင့်ပြောခဲ့တာကလည်း သူကိုယ်တိုင် ဖြစ်နေသည်။

ထို့ကြောင့် An He အသံမြှင့်ပြီး အပြုံးလေးနဲ့ ညှို့ချက်အပြည့် အသံလေးဖြင့် ….

“ယောက်ျား ~~~~~”

ဒါဟာ Zhao Kaiming အတွက် ပထမဆုံးကြားရသော An He ၏ အမျိုးသမီးလို အသံတု ပြုလုပ်ခြင်းပင်။ သူတကယ် မထင်ထားမိတာက ထိုအသံကလည်း မယုံနိုင်စရာ နားဝင်ချိုနေသည်။

“ကိုယ်မထင်းထားမိဘူး … မင်းမှာ ဒီလို အရည်အချင်း ရှိတာပဲ၊ အောက်က အပေါက်လေးကလည်း မိန်းမတွေလို ငမ်းငမ်းတက်နေတယ် ထင်တယ်၊ အရည်ကြည်တွေက အလိုအလျောက်ကို စီးထွက်နေတယ်၊ အပေါ်က ပါးစပ်ပေါက်ကလည်း တကယ် တူနေတယ်”

“အသံက တကယ်တူတယ်လား? ကောင်းလားဟင်? ယောက်ျား ကိုယ်တိုင် စမ်းကြည့်ရင် ပိုကောင်းမယ်ဆိုတာ သိလာလိမ့်မယ် ~~~”

An He အမျိုးသမီး အသံလို ဆက်ပြီး ပြောနေလိုက်သည်။ ဒါဟာ သူ့ရဲ့ လျှို့ဝှက်နည်း တစ်ခု၊ သာမန်လူဆိုလျှင် တော်ရုံ တောင့်ခံနိုင်မှာ မဟုတ်။

Zhao Kaiming လက်က An He ရဲ့ လိင်တံကို ကိုင်ပြီး နှစ်ချက် ဆွဲပေးလိုက်သည်။

“ဒါပေမဲ့ အမျိုးသမီးတွေက လိင်တံလေးတွေမှ မရှိတာ၊ ပြီးတော့လည်း သုတ်ရည်တွေလည်း မထုတ်ဘူးလေ၊ ကိုယ့်ကို ယောက်ျား လို့ ထပ်ခေါ်ပေး၊ ကိုယ်မင်းကို တကယ့် သာယာမှုတွေ ပေးမယ်”

Zhao Kaiming ပြောအပြီး An He ၏ လိင်တံလေးကို ငုံပြီး စုပ်လိုက်၊သပ်လိုက်၊လွှတ်ပေးလိုက်၊ပြန်ငုံလိုက် လုပ်နေသည်။

Zhao Kaiming ရဲ့ ဆိုလိုရင်းကို An He နားလည်လိုက်ပြီး အမျိုးသမီး အသံဖြင့် ညည်းနေပေးလိုက်သည်။

“အ့ …အ့.. အ့ … အ .. ကောင်းတယ် … အ့ အ့ အ့ … ယောက်ျား ပါးစပ်က တကယ်ကို မယုံနိုင်လောက်အောင် ကောင်းတယ် …. အ့ …. ပြီးချင်လာပြီ … ပြီးတော့မယ် …. အ့ ~~~”

သူ့ပါးစပ်ထဲမှာက လိင်တံ၊ နားထဲမှာက အမျိုးသမီးတစ်ယောက်ရဲ့ သာယာမှုအပြည့်နဲ့ ညည်းနေတဲ့အသံ၊ ထိုအချိန်ခဏအတွင်း Zhao Kaiming စိတ်ရှုပ်ထွေးပြီး စိတ်ထကြွမှုတရပ်ကို ခံစားလိုက်ရသည်။ Zhao Kaiming သူ့ blowjob ကို ခပ်မြန်မြန်လေး လုပ်ပြီး An He ပြီးတော့ မှာကို သိလိုက်ပေမဲ့ မဖယ်ပဲ ခပ်ပြင်ပြင်းလေး ပိုစုပ်ပေးလိုက်သောကြောင့် An He သူ့ပါးစပ်ထဲ ပြီးသွားသည်။ ထို့နောက် Zhao Kaiming အပေါ်တက်လာပြီး An He ပါးစပ်လေးကို နမ်းလိုက်သည်။ နှုတ်ခမ်းနှင့် လျှာများ စုပ်လိုက်၊သပ်လိုက် လုပ်နေခြင်းက သုတ်ရည်တစ်ဝက်လောက်ကို သူတို့နှစ်ဦး ပါးစပ်ဘေးနားမှ တဆင့် စီးကျစေပြီး ကျန်တစ်ဝက်က ပါးစပ်ထဲ ဝင်သွားသည်။

“ညီမလေး … သုတ်ရည်လေးက အရသာရှိရဲ့လား? နောက်ထပ်ရော လိုချင်သေးရဲ့လား?”

“လိုချင်သေးတယ် … အစ်ကိုကြီး ရဲ့ သုတ်ရည်တွေကို လိုချင်တယ်၊ သုတ်ရည်တွေက အရသာရှိတယ်၊ အောက်က ပါးစပ်သေးသေးလေးကလည်း သောက်ချင်နေတယ်၊ အစ်ကိုကြီးရဲ့ ကလေးကို လွယ်ပေးချင်တယ်”

“ကောင်းပြီ … မင်းလေး သေမတတ် ကိုယ် fuck ပေးမယ်၊ ကိုယ်ဝန်ရတဲ့အထိ fuck ပေးမယ်၊ မင်း သားအိမ်လမ်းကြောင်းထဲ သုတ်ရည်တွေနဲ့ အကုန်အပြည့် ဖြည့်ပေးမယ်”

သူပြောပြီးတာနှင့် Zhao Kaiming ခပ်ပြင်းပြင်းလေး စပြီး ထုတ်သွင်းနေသည်။ နက်နဲသောနေရာကနေ ထပ်ပြီး ပိုနက်နဲသောနေရာအထိ၊ သားအိမ်အထိတိုင်အောင် ရှာဖွေနေသလို အကြိမ်ကြိမ် ထိုးသွင်းနေသည်။

An He လက်က Zhao Kaiming လက်မောင်းကို ဖက်ထားပြီး ခြေထောက်နှစ်ဖက်က ခါးပေါ် တင်ထားသည်။ သူ့တကိုယ်လုံး အားအင်မရှိသလို ဖြစ်နေသည်။ စည်းချက်နှင့်အညီ ထုတ်သွင်းနေမှုကို လိုက်ပြီး An He မှာ ဒန်းစီးနေရသလိုပင်၊ …. လေပေါ်ရောက်လိုက် … ဖိထားခံရလိုက်…။

နောက်ဆုံးမှာတော့ ကြိမ်နှုန်းမှန်လာပြီး see-saw လို အပေါ်အောက် အတူတူ လှုပ်ရှားနေကြသည်။ အရင်တုန်းက လုပ်ခဲ့သည်များထက် ယခုအခါမှာ ပိုပြီး ထိရှပြီး အထဲထိ နက်ရှိုင်းစွာ ပိုမိုဝင်ရောက်လာသည်။

“အ့ ..အ့ .. မကောင်းဘူး … တအား … တအား .. ဝင်နေတယ် …. သားအိမ်ထိသွားပြီ …. အစ်ကိုကြီး … အ့ … သားအိမ်လမ်းကြောင်း ပြဲသွားပြီ ထင်တယ်၊ အစ်ကိုကြီးက တအား အားသန်တာပဲ … အကိုကြီး လိင်တံက တအားလည်း ကြီးတယ်၊ ရှည်လည်း ရှည်တယ် …. .. မြန်မြန်လေး….မြန်မြန် … အ့ …အ့~~~”

“အထန်လေး …. ရော့ ဒီမှာ မင်းအစ်ကိုကြီးရဲ့ သုတ်ရည်တွေ … မြန်မြန် လက်ခံပြီး မင်းအစ်ကိုကြီးရဲ့ ကလေးတွေကို မြန်မြန်လွယ်ပေးတော့ …”

Zhao Kaiming ပြောအပြီး သုတ်ရည်များ အစုလိုက် အပြုံလိုက် အပေါက်သေးလေးထဲ ထုတ်ပစ်လိုက်သည်။ သုတ်ရည်များ ထွက်ကျပြီး အလကား ဖြစ်မှာကို စိုးသည့်အလား Zhao Kaiming သူ့ပစ္စည်းကြီးကို ဆွဲမထုတ်ပဲ အပေါက်လေးထဲ အသာစိမ်ထားပြီး An He ပေါ် လှဲချလိုက်သည်။

Translator’s Notes:

Hey, I’m not that so pervert! XD

DMBHWA Chapter 6: Classroom Play

NSFW WARNING!!! THIS CHAPTER CONTAINS ADULT MATERIAL. ADULTS ONLY.

ယနေ့ Zhao Kaiming အလုပ်နားသည့်နေ့အလှည့် ….၊ သို့သော် An He ကျောင်းသို့သွားရသည်။ Zhao Kaiming ကျောင်းကို မရောက်တာ ကြာသည်မို့ An He နှင့် အတူလိုက်ခဲ့သည်။

‘Elective’ အတန်းမို့ အခန်းအကျယ်ကြီးပေမဲ့ ကျောင်းသား/သူ များများစားစား မရှိ။ ကျောင်းသား/သူ များက ရှေ့တန်းမှာ ခပ်ကျဲကျဲ ထိုင်နေကြပြီး Professor ကလည်း attendance မယူချေ။

Zhao Kaiming အကြံကြီးဖြင့် An He ကို လူအနည်းစု ထိုင်ကြသောနေရာမှ ကွယ်ရာထောင့်နားလေးကို ဆွဲခေါ်လာခဲ့သည်။

မသိသည့်လူများကတော့ သူတို့နှစ်ယောက် လွတ်လွတ်လပ်လပ် စာလေ့လာဖို့ နေရာလာယူကြသည် ဟုသာ ထင်နေကြသည်။

Professor က စင်မြင့်ပေါ်တွင်သင်ကြားမှုထဲ စိတ်နှစ်နေသည်။

ခုံအောက်မှာတော့ An He လက်တစ်ဖက်က Zhao Kaiming လိင်တံကို ဘောင်းဘီထဲမှ ဆွဲထုတ်လိုက်ပြီး နောက်တစ်ဖက်က တုန်ယင်စွာဖြင့် note လိုက်မှတ်နေသည်။

အိမ်မှ ထွက်မလာခင် Zhao Kaiming က An He အား အကြီးဆုံး တီရှပ် ဝတ်ဖို့ တမင်တကာ အသိပေးခဲ့သည်။ ထို့ကြောင့် သူ့လက်က အလွယ်တကူပင် An He အင်္ကျီထဲ တိုးဝင်သွားပြီး An He ၏ နှစ်ဆမျှ ပိုစူထွက်နေသော နို့သီးလေးကို ကိုင်ပြီး နှိပ်နယ်ပေးနေသည်။

An He ညည်းသံ ထွက်မလာအောင် သူ့ နှုတ်ခမ်းသူပြန်ကိုက်နေသည်။ အနီးဆုံး အတန်းဖော်က ၄၊ ၅ ခုံမျှ ဝေးနေသော်လည်း ညည်းသံလေးတစ်ချက် ကြားသွားမည်ကိုပင် သူကြောက်နေမိသည်။

Zhao Kaiming ကိုယ်ကိုစောင်းပြီး An He နားထဲသို့ တိုးတိုးလေး ပြောလိုက်သည်။

“လိမ္မာတယ်၊ ထိန်းမထားနဲ့ … မင်းညည်းသံလေး ယောက်ျား ကြားချင်တယ်၊ ဟိုကောင်တွေ မကြားနိုင်ဘူး…”

An He သူ့ကို မျက်စောင်းထိုးလိုက်သည်။ အမှန်တော့ သူလည်း ထန်နေပြီး သူ့လက် လှုပ်ရှားမှုက ပိုမြန်လာသည်။

တယောက်မှ ကြည့်မနေသော်လည်း An He မှာတော့ အကုန်လုံးရှေ့ ပေါ်နေသလို ခံစားနေရသည်။ ထိုသည့်တိုင် သူ့မှာ ပိုစိတ်လှုပ်ရှားလာသည်။ အတွင်းခံဘောင်းဘီထဲက သူ့အမျိုးသားအင်္ဂါ မာပြီး ထောင်မတ်လာကာ လိင်အသားပေး ဘောင်းဘီလေးမှာလည်း စိုရွှဲသွားသည်။

Zhao Kaiming တဖက်လူ၏ နားရွက်ကို လျက်ပြီး စုပ်လိုက်သည်။ လက်ကို အောက်သို့ပို့ပြီး ဘောင်းဘီအပေါ်က နှိပ်နယ်ပေးနေသည်။

“ကြည့် .. အကုန်စိုကုန်ပြီ … အနောက်ပေါက်က ပိုတောင် စိုရွှဲနေမယ် ထင်တယ်။ တခြားလူတွေသာ တွေ့လိုကတော့ မင်းရှူးရှူးပေါက်ချတယ် ထင်ကုန်တော့မှာပဲ …”

An He စိတ်ကူးကြည့်လိုက်ပြီး ချက်ချင်း ရှက်သွားသည်။ အပေါက်သေးလေးက ငှက်မွှေးနှင့် ကလိထိုးခံနေရသလို ယားပြီး An He အား မသက်မသာ ဖြစ်စေသောကြောင့် ထိုင်ခုံကို ရှေ့နောက် ပွတ်တိုက်နေသည်။
Zhao Kaiming … An He အား သူ့လက်မောင်းတွေကြားထဲ ဆွဲလိုက်သည်။

“လာ .. ကိုယ့်ကို မှီ”

Zhao Kaiming လက်က အပေါက်သေးလေးဆီ ရောက်သွားသည်။ ဘောင်းဘီခံနေသော်လည်း ကာမစိတ်တို့ ကြွလာမှုတို့က ပြင်းထန်လာသည်။

An He တကယ်ကို ထိန်းမထားနိုင်တော့ … သူ ညည်းချင်ပေမဲ့ ရှေ့မှာ ထိုင်နေတဲ့ အတန်းဖော်တွေကို ကြည့်ပြီး သူထိန်းချုပ်ဖို့ ကြိုးစားနေသည်။ ထိုအစား သူခေါင်းစောင်းလိုက်ပြီး Zhao Kaiming နှုတ်ခမ်းကို နမ်းလိုက်ကာ တဖက်လူ လျှာဖျားကို လွှတ်ထွက်မသွားအောင် အငမ်းမရ စုပ်ယူနေသည်။

နှစ်ယောက်သား လျှာအချင်းချင်း တိုက်ခိုက်နေကြပြီး An He နှလုံးခုန်နှုန်း၊ သူ့အပေါက်သေးလေး ကျုံ့လိုက်ဆန့်လိုက်နှုန်းတို့ မြန်ဆန်လာသည်။ An He မှာ Zhao Kaiming ၏ အသားချောင်းကြီးဖြင့် နေသားကျနေပြီမို့ လက်ချောင်းတစ်ချောင်းက သူ့စအိုတွင်းက sensitive spot ကို ကျေနပ်မှု မပေးနိုင်။ အရည်ကြည်များကထွက်လာလေလေ An He အသားချောင်းကြီး ထိုးဝင်လာဖို့ ပိုလိုအပ်လာလေလေ ဖြစ်လာသည်။

“ဘေဘီ … စိတ်မရှည်လာတော့ဘူးလား? လာ .. မြန်မြန် … ကိုယ့်ပေါ် အရင်ထိုင်လှည့်”

Zhao Kaiming အောက်ခံဘောင်းဘီ ဆွဲချပြီး An He ကိုယ်ကို မ,လိုက်ပြီး သူ့ပေါင်ပေါ် ဆွဲတင်လိုက်သည်။

An He သူ့ပါးစပ်ပိတ်ပြီး Zhao Kaiming ပေါင်ပေါ် စိမ်ပြေနပြေ ထိုင်နေလိုက်သည်။ An He အပေါက်လေးနှင့် Zhao Kaiming လိင်တံတို့က ငြိနေကြသည်။

An He စိတ်မရှည် ဖြစ်နေတုန်းမှာပဲ စင်မြင့်ပေါ် ရပ်နေတဲ့ Professor ရုတ်တရက် ခေါင်းမော့ပြီး အခန်းထဲ တချက်ဝေ့ကြည့်ပြီး တဖန် သူ့စာအုပ်သူ ပြန်ငုံ့ကြည့်နေလိုက်သည်။

An He အလွန်အမင်း ထိတ်လန့်သွားသည်။ Professor မသင်္ကာတာ တစ်စုံတစ်ခု မတွေ့တာ သေချာမှ သူစိတ်သက်သာရာ ရသွားသည်။

An He ခပ်ပြင်းပြင်း ထိုင်ချပြီး Zhao Kaiming ဥလေးများပါ ဝင်သွားမတတ် သူ့အပေါက်သေးလေးထဲ ထိုးထည့်လိုက်သည်။ သူ့ရဲ့ ထောင်မတ်နေတဲ့ လိင်တံထံမှ အရည်ဖြူများ များစွာ ထွက်ကျလာသည်။ သုတ်ရည်များ စားပွဲပေါ် ကျော်ပြီး ကြမ်းပြင်အထိ စီးကျသွားသည်။

An He မျက်နှာတစ်ပြင်လုံး နီရဲလာသည်။ တယောက်ယောက်သာ တွေ့သွားလို့ကတော့ တကယ် ရှက်ဖွယ်ရာ တစ်ခုပင် ….။

Zhao Kaiming ..An He ကုပ်ပိုး ကို ကိုက်ပြီး တဖက်လူ၏ လိင်တံအား နောက်တဖန် ထပ်မာ,လာသည်အထိ ပွတ်သပ်ပေးနေသည်။ ထို့နောက် Zhao Kaiming လက်မောင်းက An He ဒူးကို ပတ်ပြီး ကိုယ်ကို မ,ယူလိုက်သည်။ အသံတွေ အကျယ်ကြီး ထွက်လာမှာ သူကြောက်တာမို့ Zhao Kaiming အပေါ်အောက် ညင်သာစွာ ဖြည်းဖြည်းချင်းသာ လှုပ်ရှားနေရသည်။ An He ဆီမှ ကြောင်(Cat) ကာမ,ထကြွနေသည့် အသံလို တိကျစွာ ညည်းသံများ ထွက်လာသည်။

Zhao Kaiming နည်းနည်း နောင်တရမိသည်။ စာသင်ခန်းထဲ လိင်ဆက်ဆံခြင်း က တမျိုး ဆန်းသစ်ပြီး ရာဂနိုးကြွစေပေမဲ့ ကိုယ့်စိတ်တိုင်းကျ တင်ပါးကို နောက်က မဆက်ဆံရတာက တကယ်ကို အလွန်အမင်း အဆင်မပြေ ဖြစ်စေသည်။ သူ ပိုစဉ်းစားလေလေ သူ ပို မကျေနပ်လေလေ ဖြစ်လာသည်။

Zhao Kaiming တစ်ဖက်လူအား သူ့ဒူးကို ကိုင်စေလိုက်သည်။ ထို အနေအထားက An He သူ့ စိတ်တိုင်းကျ လှုပ်ရှားခွင့် ပေးလိုက်သည်။ Zhao Kaiming အတွက်ကတော့ An He နို့သီးများကို ဆုပ်နယ်လိုက်၊ ကစားလိုက်၊ ပွတ်သပ်လိုက်သာ လုပ်နေရသည်။

ဘာမျှ ဆက်မလုပ်ခြင်းက စာသင်ချိန်ကို ဖြုန်းတီးပြီး လိင်စိတ်ကျေနပ်မှုကိုလည်း မရရှိစေနိုင်ပေ၊ နှစ်ယောက်လုံး တစ်ခုခု လိုနေသလို ခံစားနေကြရသည်။ အတန်းပြီးခါနီးမို့ An He ကို ပိုပြီး စိတ်မရှည်ဖြစ်လာစေသည်။

“အကယ်၍ တယောက်ယောက်သာ တွေ့လို့ကတော့ ပြဿနာတွေ တက်ကုန်မယ် … ခင်ဗျား ပြီးသွားအောင် ကျွန်တော် စုပ်ပေးရမလား?”

Zhao Kaiming တခြား အကြံလည်း မထွက်တော့တာမို့ An He ကို အောက်သို့ တွန်းပို့လိုက်သည်။ An He စားပွဲအောက်ထဲ ကျုံ့ထိုင်ချလိုက်ပြီး Zhao Kaiming ခြေထောက်ကြားထဲ ဒူးထောက်ချလိုက်သည်။ သူ ခေါင်းငုံ့ကာ အသားချောင်းကြီးကို ငုံပြီး စတင် လျက်လိုက်၊ နက်နက်ကြီး ငုံလိုက် လုပ်နေသည်။ ရင်းနှီးနေသော အနံ့လေးက သူ့အား အရူးအမူး စွဲလမ်းစေပြီး သူကိုယ်တိုင် ရပ်ချင်တာတောင် မရပ်တန့်တိုင်တော့ ….။

အတန်းလွှတ်သည့် ခေါင်းလောင်းသံမြည်ပြီးနောက် An He စားပွဲကို မှီနေလိုက်ပြီး အိပ်ချင်ဟန်ဆောင်လိုက်သည်။ သူ့ဆံပင်တွေမှာ Zhao Kaiming သုတ်ရည်များ ရှိနေသောကြောင့် သူ့အတန်းသားတွေကို မသိစေလို။

Zhao Kaiming လက်တဖက်က ရောက်လာပြီး လက်ညှိုးဖြင့် သုတ်ရည်များကို ယူပြီး လျက်/စုပ်နေလိုက်သည်။ ထိုပုံစံက တကယ်ကို ကာမရာဂ အပြင်းအထန် နိုးကြွလာစေသည့် မြင်ကွင်တစ်ခု ….။

An He မျက်လုံးမှိတ်ပြီး Zhao Kaiming ကို မမြင်ချင် ဟန်ဆောင်လိုကပြီး နေရာပြောင်းထိုင်လိုက်သည်။

တကယ်ကို စိတ်ပျက်စရာပင် …. သူ လိင်တံ နောက်တစ်ခါ ထပ် ထောင်မတ် လာပြန်သည်။

Translator’s Notes:

DMBHWA Chapter 5: Kitchen Play Part 2

NSFW WARNING!!! THIS CHAPTER CONTAINS ADULT MATERIAL. ADULTS ONLY.

သူ့တကိုယ်လုံးကို ပွတ်သပ်ဆော့ကစားနေတဲ့ An He ခြေထောက်ကို Zhao Kaiming ဆွဲမြှောက်တင်လိုက်တော့ ပန်းရောင်ဖျော့ဖျော့ ဂန္ဓမာပန်း လေး ပေါ်လာသည်။ သူရဲ့ ကြီးမားရှည်လျားတဲ့ အတံကို ပန်းအပေါက်ဝတွင်တေ့ပြီး ကြီးမားသော ထိပ်ခေါင်းကို အနားတဝိုက် ပွတ်ဆွဲလိုက်သည်။

ကြီးမားသော အသားချောင်းကြီး နီးကပ်လာသည်မို့ An He အတတ်နိုင်ဆုံး စိတ်လျော့ထားလိုက်သည်။ သို့သော် သူရှေ့တိုးသည်နှင့် Zhao Kaiming နောက်ပြန်ပြန်ဆုတ်လေသည်မို့ သူ့အပေါက်လေးက အသားချောင်းကြီး၏ ထိပ်ခေါင်းတစ်ဝက်ကိုသာ စုပ်ယူမိပြီး ပြန်ပြန်လျောထွက်သွားနေခြင်းက သူ့အား မဟားတရား မခံမရပ်နိုင်အောင် ပိုမို ယားယံလာစေသည်။

“ယောက်ျား … ထည့် .. ပေး .. ပါတော့ ….”
An He ညည်းလိုက်သည်။

“မင်း ဘာလို့ စိတ်မရှည်ဖြစ်နေရတာလဲ? ဒီနှစ်ရက်အတွင်း မင်းယောက်ျား အိမ်မရှိတာနဲ့ ဘာလို့ vibrator မသုံးတာလဲ?

Zhao Kaiming အနည်းငယ် တိုးဝင်လိုက်သည်။ ထိပ်ခေါင်းကြီး ဝင်သွားပြီး ချက်ချင်းပြန်ထုတ်လိုက်သည်။ ပန်းရောင်အပေါက်လေးမှာကား ပွင့်သွားပြီး ချက်ချင်း ပြန်ပိတ်သွားသည်။ ကိုယ်တွင်းအရည်ကြည်လေးများ စားပွဲပေါ်သို့ တစက်စက် စီးကျနေသည်။

“Vibrator တစ်ခုက ဘယ်လိုလုပ် ယောက်ျားရဲ့ အသားချောင်းကြီးကို မှီမှာလဲ? ….. ကျွန်တော်က ယောက်ျားကိုပဲ ထိုးထည့်ခိုင်းချင်တာကို … အ့…”

An He ပြောပြီးသည်နှင့် သူ့ခြေထောက်ကို Zhao Kaiming ပုခုံပေါ်တင်ကာ အနားကို ကပ်ဆွဲလိုက်သည်။

Zhao Kaiming ထပ် မနောက်နေတော့ပဲ အပေါ်လေးကို ချိန်ကား လမ်းကြောင်းတစ်လျောက် အကုန်ပစ်သွင်းလိုက်သည်။

“အားးးးးးးးးးးးးးးး”

ရုတ်တရက် ဝင်ရောက်မှုက An He အား အော်မိစေသည်။ လတ်တလောတွင် သူ့အပေါ်သေးလေးမှာ ကျုံ့ဆန့်နိုင်စွမ်း အတိုင်းအတာ တစ်ခုအထိ ရောက်နေသော်လည်း သိပ်မနာပေမဲ့ ကြီးမားသော အသားချောင်းကြီး ရုတ်တရက် ဝင်ရောက်လာမှုက နာကျင်မှုပါ တိုင်းဝင်လာသည်။

သို့သော်လည်း မကြာမီပင် ကျေနပ်မှု နှင့် သာယာမှုက နာကျင်မှုကို ကျော်လွန်လာသည်။ နူးညံ့သည့် စအိုကြွက်သားများ ပျော့ပျောင်းလာပြီး အသားချောင်း မှ ငေါထွက်နေသော သွေးကြောကြီးများ ကိုပါ ခံစားလာစေသည်။

“ဘယ်လိုလဲ? ကိုယ့်မိန်းမ သဘောကျရဲ့လား? ကိုယ်တို့ လုပ်ပြီးတာ နှစ်ရက်ပဲ ရှိသေးတာကို ခု တင်းကျပ်နေတာပဲ၊ ကိုယ့်ဟာကို ဖျစ်ညှစ်ထားတာ ကောင်းကောင်းတောင် မလှုပ်ရှားနိုင်ဘူး”

An He အနည်းငယ်ကြာအောင် ညည်းညူနေမိသည်။

“အကြိမ်ရေ တော်တော်များများသာ ထိုးသွင်းပေးပါ …. မြန်မြန်လေး …. အ့ …..”

“မင်းလေးက သိပ်မကျေနပ်သေးဘူးပေါ့ ဟုတ်လား?”

“အ့ …. အ့ …… ကျွန်တော် အသေကြိုက်တယ် …. ယောက်ျား …. တအားကြမ်းတယ် …. နည်းနည်း လျော့ပေး …. ကျွန်တော့ ဆွဲဖြဲခံရတော့မယ်”

An He ကောင်းကင်ဘုံ ပျံတက်ခါနီးမှာပဲ Zhao Kaiming ရပ်သွားတယ်။ An He မကျေနပ်လာတော့ မေးလိုက်သည်။

“ဘာလို့ ရပ်လိုက်တာလဲ? …. ဆက်လုပ်ပေးပါ …. အ့ ..”

“မင်းအပေါက်လေးက အရည်တွေ အများကြီးထွက်နေတယ် … အဲ့တာ ထိန်းချုပ်ဖို့ ကိုယ် နည်းလမ်းတစ်ခု စဉ်းစားမိလို့”

ပြောပြီးနောက် သူလက်တစ်ချောင်းသုံးကာ ဂန္ဓမာပန်း ကို ကျယ်အောင် ပြုလုပ်ရန် အတွင်းဖက်သို့ တဖြည်းဖြည်းချင်း တိုးဝင်လိုက်သည်။ လက်တစ်ချောင်းတည်းကို တကယ်ပင် ခံနိုင်လှသည်။

“အ့ … ပေါက်ကွဲထွက်တော့မယ် … အ့ … ကျွန်တော့ အပေါက်လေး ပြဲသွားပြီထင်တယ် …. နည်းနည်း ခပ်နက်နက်လေး …နည်းနည်း ထပ်ထည့်ပေး …”

နယ်ထပ်ချဲ့လာလေလေ သူ့အား ကောင်းသော ခံစားချက်များ ပိုမို ပြင်းထန်လာစေသည်မို့ An He မျက်လုံးမှိတ်ရင်း လက်ချောင်းအတွင်းသို့ တိုးဝင်နှောင့်ယှက်လှုပ်ရှားမှုများကို ခံစားနေသည်။

Zhao Kaiming တဖက်လူ သက်သောင့်သက်သာ ရှိအောင် သေချာ နေရာယူလိုက်သည်။ လက်ချောင်းကို အတွင်းဖက်၌ နှစ်ကြိမ် လှည့်လိုက်ပြီး အရည်တချို့ကိုပါ သွင်းလိုက်သည်။ ထို့နောက် အနားရှိ သိပ်မထွားသော သခွားသီးတစ်လုံး ယူပြီး ဖြည်းညှင်းစွာ သွင်းလိုက်သည်။

အနည်းငယ် အေးစိမ့်နေသော သခွားသီး အခွံ၊ ပူပြင်းရှနေသော စအိုတွင်းနှင့် ကြီးမား၊ မာတောင့်၊ ထိုးထောင်နေသော အသားချောင်းကြီးတို့ ထိတွေ့မှုမှာ Zhao Kaiming နှင့် An He တို့ကို ၁၀၀ ရာနှုန်းပြည့် စိတ်လှုပ်ရှားမှု အပြည့်ပေးလာသည်။

“ဒါ ဘယ်က ဂန္ဓမာပန်း ရမှာလဲ? ဒါ အဆုံးမဲ့တဲ့ black hole ကြီး ဆိုတာ သိသာနေတာ … ကိုယ် နောက်ထပ် တစ်ချောင်းတောင် ထပ်ထည့်လို့ရတယ် ထင်တယ်”

Zhao Kaiming ပြောရင်း An He ဖင်တုံးလုံးလေးကို ရိုက်လိုက်သည်။ အသားချောင်း နှင့် သခွားသီး တို့ ဝင်ရောက်နေမှုကြောင့် သူ့အား ပိုမို စိတ်ကြွလာစေသည်။

An He မှာတော့ စကားပင် မပြောနိုင်တော့သည့် အခြေအနေ ရောက်သွားသည်။ တကိုယ်လုံး ပန်းရောင်သန်းနေပြီး ပီတိဘဝင်ခိုက်နေသည့် မျက်နှာက အထွတ်အထိပ် ရောက်တော့မည့် လက္ခဏာ ပြနေသည်။ သူ့လက်က တစ်ခုခုကို ဆုပ်ကိုင်ချင်သော်လည်း စားပွဲပေါ်တွင် ဆုပ်ကိုင်စရာ ဘာမှ မရှိချေ။

Zhao Kaiming မှာ An He ၏ ခန့်ညားသည့် မျက်နှာပေါ် ထန်နေသည့် အမူအရာကို နှစ်ခြိုက်စွာ ကြည့်နေသည်။ ဒါတွေဟာ သူ့ရဲ့ လိင်ဆက်ဆံခြင်း စွမ်းပကား ကို သက်သေပြတဲ့ အရာတစ်ခု ….။

သူ ဒါကို စဉ်းစားနေရင်း သူ့ရဲ့ အသားချောင်းကြီးကို ဆွဲထုတ်လိုက်ပြီး An He မျက်နှာရှေ့ ရွေ့လိုက်ပြီး လိင်တံကြီးနှင့် တဖက်လူ ပါးစပ်ပေါက်နှင့် နှုတ်ခမ်းကို ပွတ်သပ်နေလိုက်သည်။

An He လျှာထုတ်လိုက်ပြီး လိုက်လျက်နေလိုက်သည်။ သူ့အတွက်တော့ အသားချောင်းဆီက ငံကျိကျိ အရသာက တကမ္ဘာလုံးမှာ အရသာ အရှိဆုံး အရာတစ်ခုပင်…။

Zhao Kaiming နှစ်ပတ်လှည့်လိုက်တော့ An He မျက်နှာပေါ် အရည်တွေက နဖူးပေါ်မှ တဆင့် ပါးစပ်ဆီသို့ စီးကျလာသည်။

An He မျက်လုံးဖွင့်ပြီး လက်ချောင်းဖြင့် သုတ်ရည်ကို ပါးစပ်အတွင်းသို့ ပို့ဆောင်လိုက်သည်။

“စေးကပ်လိုက်တာ …. ယောက်ျား ဒီနေ့ သိပ်မကြာသလိုပဲ”

Zhao Kaiming မျက်မှောင်ကြုတ်လိုက်သည်။

တဖက်လူ သူ့စွမ်းရည်ကို သံသယရှိရဲတယ်?

ထို့ကြောင့် သူ An He ကို ဆွဲမှောက်လိုက်ပြီး နောက်မှ ခပ်နက်နက် ထိုးသွင်းလိုက်သည်။

“ဒီနေ့ မင်းယောက်ျား မင်း ငိုတဲ့အထိ fuck ပေးမယ်၊ အသနားခံဖို့ အခွင့်တောင် ရမှာမဟုတ်ဘူး”

ပြောပြီးသည်နှင့် Zhao Kaiming တင်ပါးမှာ လျှပ်စစ်မော်တာ တပ်ထားသည့်အလား ၉ချက် အပေါ်ယံဆောင့်ပြီး ၁ချက်ကို ခပ်နက်နက် ပြင်းပြင်းလေး ဆောင့်ထည့်လိုက်သည်။

[TN: Idiom ဖြစ်ရင်တော့ REIN အမှားပါ၊ မဟုတ်ခဲ့ရင် correction welcome ပါဗျ။ <alternating nine parts shallow, one part deep>]

နောက်မှ တရစပ် ထိတွေ့မှုက An He အသံကို ပြာသွားစေပြီး ညည်းသံများ အဆက်မပြတ်ထွက်လာသည်။

Zhao Kaiming ခုနက သခွားသီးကို ယူပြီး An He ပါးစပ်တွင်း ထိုးထည့်ပေးလိုက်သည်။

“အထန်လေး … မင်းအပေါက်လေးရဲ့ အရသာကို ပြန်မြည့်ကြည့်ဦး … အရသာ ရှိရဲ့လား?”

An He သခွားသီးကို မကိုက်ပဲ Zhao Kaiming ကို blowjob ပေးနေသလိုမျိုး ပါးစပ်တွင်း ငုံကာ လျက်လိုက်၊ စုပ်လိုက် လုပ်နေသည်။ Zhao Kaiming အသားချောင်းနှင့် ယှဉ်သော် သခွားသီးမှာ များစွာ သေးငယ်သည်။ ထို့ကြောင့် အကုန်လုံးကို မျိုထားရုံမက သခွားသီးကိုင်ထားသည့် Zhao Kaiming လက်လေးကိုပါ လျက်လို့ပင် ရသည်။

Zhao Kaiming မျက်လုံး မည်းမှောင်လာပြီး အသားချောင်းကြီးက နောက်တစ်ဆင့် ပိုကြီးမားလာသည်။

“အို့ …. တော်တော် ထန်တာပဲ … အောက်က အပေါက်က မကျေနပ်သေးဘူး …. အပေါ်က အပေါက်ကပါ ဆာနေပြီ”

“အ့ …. အသားချောင်းကြီး စားချင်တယ် …. အား အရသာ ရှိလိုက်တာ …… အ့ …..”

An He မျှော်လင့်တကြီးဖြင့် ညည်းနေသည်။

Zhao Kaiming သခွားသီး ကို ထုတ်ပြီး ဘေးကို ပစ်လိုက်သည်။ ထို့နောက် An He ခြေထောက်ကို မ,ကာ ရူးမိုက်စွာဖြင့် ခပ်ကြမ်းကြမ်း ထုတ်သွင်းလိုက်သည်။

“ကိုယ် မင်းကို ဒီအသားချောင်းကြီး ကျွေးမယ် … ဒီလောက်ဆို ကြီးပြီလား? ကျေနပ်ရဲ့လား? တော်တော် ရာဂကြီးတာပဲကွ ….”

“အ့ … အ့ အ့ အ့ … အု … မြန်မြန် … ထပ်ထည့် … နက်နက်လေး … ခပ်နက်နက်လေး … အ့ …. ပြီးတော့မယ် …. ယောက်ျား …. ခပ်မြန်မြန်လေး …. အ့ .. ဒီ အထန်လေးကို ပြီးသွားအောင် မြန်မြန်လုပ်ပေး ….. အ့ … ”

An He ကျယ်လောင်စွာ အော်ဟစ်ပြီး တကိုယ်လုံး ဖြောင့်တန်းသွားကာ စအိုကြွက်သားများပါ ကျုံ့ဝင်သွားသည်။ စက္ကန့်အနည်းငယ်အကြာ အရည်များ ပန်းထုတ်လိုက်ပြီး တကိုယ်လုံး အားအင်ချိနဲ့စွာဖြင့် စားပွဲပေါ် လဲကျသွားသည်။

Zhao Kaiming ထိန်းချုပ်နိုင်သော်လည်း An He ၏ စအိုကြွက်သား ကျုံ့နိုင်စွမ်းကို မထင်မှတ်ထားမိပေ၊ ဂရုမပြုမိသောကြောင့် ထိုကျုံဆွဲမှု တစ်ချက်က သူ့ကိုပါ တခါတည်း ပြီးသွားစေသည်။

ကံကောင်းချင်တော့ An He ပြီးသွားသည့်နှင့် သုခဘုံရောက်နေသလို နားနေပြီး ဂရုမစိုက်သောကြောင့်ပင်၊ မဟုတ်ပါက သူ Zhao Kaiming ကို လှောင်ပြောင်မည်မှာ မလွဲဧကန် ……..။

DMBHWA Chapter 4: Kitchen Play Part 1

NSFW WARNING!!! THIS CHAPTER CONTAINS ADULT MATERIAL. ADULTS ONLY.

ထိုနေ့ အလုပ်ပြီးပြီးချင်း Zhao Kaiming က An He ကို သူ့အိမ်သို့ တခါတည်း ခေါ်ဆောင်သွားသည်။ လမ်းတလျှောက် An He အား မေးခွန်းများ မေးအပြီး An He သည် တကယ်တော့ အပေါ်ထပ်က သူ့အိမ်နီးနားချင်းဖြစ်နေသည်။ နေ့စဉ်နဲ့အမျှ Zhao Kaiming မှာ မနက်အစောကြီးထ ညဖက် နောက်ကျမှ ပြန်လာသောကြောင့် အိမ်နားရှိ လူများအား သတိမထားမိပေ။

သို့သော် An He ကတော့ အာရုံစိုက်လေ့ရှိသည်။ ထို့အပြင် ဘွဲ့ရပြီးသား လူတစ်ယောက်မို့ အချိန်တွေ ပေါများနေသည်။ ဒီအိမ်ကို ပြောင်းလာတဲ့ ပထမဆုံး နေ့မှာပင် ထို ခန့်ငြားတဲ့ လူကြီးအား တွေ့လိုက်ရသည်။ ထိုနေ့မှစ၍ ညတိုင်း သာယာလှပသော အိပ်မက်များ မက်လာခဲ့သည်။ နောက်ဆုံးမှာတော့ An He ရည်မှန်းချက် အောင်မြင်ဖို့ Check-up သွားလုပ်ဟန်ဆောင်လိုက်လေသည်။

တစ်ယောက်က အပေါ်ထပ်၊ တယောက်က အောက်ထပ်တွင် အနီးကပ်ဆုံး ရှိနေသော်လည်း An He သဘောမကျပေ၊ ခွဲနေခြင်းက သူ့အား စိတ်မကျေမနပ်ဖြစ်စေသည်။ Zhao Kaiming လည်း သဘောမကျသဖြင့် An He တောင်းဆိုချက်ဖြစ်သော living together ကို လက်ခံလိုက်သည်။

ဆရာဝန်ဖြစ်သည့်အားလျော်စွာ သူ့ နေထိုင်မှုဘဝက ပုံမှန်ဖြစ်လေ့မရှိ၊ အထူးသဖြင့် တနေ့ သုံးနပ် စားရမည်ဟူသော ကိစ္စတွင် ဖြစ်သည်။ သို့သော် An He ရောက်သည့်နေ့မှစ၍ တနေ့ သုံးနပ် ဟူသော အဆိုကား တိုးတက်မှု ရှိလာသည်။ သို့နည်း ဆိုကား An He သည် ကျွမ်းကျင်သော စားဖိုမှူး တစ်ယောက် ဖြစ်နေခြင်းကြောင့်ပင် …။

Zhao Kaiming ထိုနေ့ပြီး နောက်တနေ့တွင် 48 hr duty ကို နေ့မနား ညမအိပ် ဆင်းနေရသည်။ အိမ်ရောက်တာနှင့် တပြိုင်နက် တန်းအိပ်သွားကာ အားဖြည့်နေသည်။ သူ ပြန်နိုးလာတော့ အနောက်ဖက် ကောင်းကင်ကြီးပင် အလင်းရောင် မှိန်ပျပျသာ ရှိတော့သည်။

ယနေ့ ညနေဆည်းဆာသည် လွန်စွာလှပသည်။ နီညိုရောင် သန်းသော အလင်းတန်းအချို့က တိုက်ခန်းအတွင်းသို့ ပြတင်းပေါက်ပုံကို ကျရောက်နေပုံက အခန်းတစ်ခုလုံးကို ပိုအသက်ဝင်စေသည်။

An He ကြီးမားကျယ်ပြန့်သော T-Shirt ကို ဝတ်ဆင်ပြီး မီးဖိုချောင်ထဲတွင် အလုပ်များနေသည်။ လင်ဗန်းကို အောက်က ဗီရိုထဲမှ ထုတ်ဖို့ လုပ်တော့ ခါးကိုင်းချရသဖြင့် အင်္ကျီမှာ အပေါ်သို့ ဆွဲတင်ခြင်း ခံလိုက်ရပြီး ဖြူဝင်းသော တင်ပါးလေးက ပေါ်လာသည်။

ယခုတလော သူ ဘောင်းဘီကို ဝတ်လေ့မရှိတော့၊ အချစ်ဇာတ်ခင်းရန်အတွက် ပိုအဆင်ပြေဖို့သာ ရည်ရွယ်ရင်း မဝတ်ဖြစ်တော့ပေ။

Zhao Kaiming ထို မြင်ကွင်းကို ကြည့်နေရင်း အသည်းယားလာသည်။ An He နောက်သို့ လျှောက်သွားလိုက်ရင်း တင်းကျပ်စွာ ဖက်ထားလိုက်သည်။

Pajama Pants ခပ်ပါးပါးလေးသာ အလွှာခြားထားသဖြင့် ထောင်မတ်နေသော အရာက An He တင်ပါးကို လာရိုက်ခတ်နေသည်။

“အာ … လာမရှုပ်နဲ့၊ ညစာ အဆင်သင့်ဖြစ်တော့မယ်၊ ခင်ဗျား အရင်ဆုံး စားသင့်တယ်”

ကျန်းမာရေးနှင့် ပတ်သက်လာလျှင်တော့ An He အထူး ဂရုစိုက်သည်။ သေချာတာ တစ်ခုကတော့ အကယ်၍ သူတို့ ယခုအချိန်တွင်သာ အချစ်ဇာတ်လမ်းစရင်တော့ ညတပိုင်းခန့် အချိန်ကုန်ဆုံးသွားပေလိမ့်မည်။

Zhao Kaiming ခေါင်းငုံ့ကာ တဖက်လူ၏ နားရွက်ကို လျှာဖြင့် လျက်နေရင်း~

“အခုလောလောဆယ် ကိုယ်မင်းကို အရင်စားချင်တယ်”

ပြောပြီးသည်နှင့် သူ An He တီရှပ်ကို မ,တင်လိုက်သည်။ လက်တစ်ဖက်က ပန်းရောင်ချယ်ရီပွင့်လေး တစ်ဖက်ကို ပွတ်သပ်ပေးနေရင်း ကျန်တစ်ဖက်က An He ငယ်ပါအား ဆုတ်နယ်ပေးနေသည်။

An He အရသာတွေ့နေသည်။ ခေါင်းအသာမော့ရင်း ငယ်ပါထောင်မတ်လာသည်။ အရှက်ကင်းမဲ့လာပြီး ချက်ချင်းပင် ညည်းညူသံများ ထွက်လာသည်။

“အ့ … ကောင်းလိုက်တာ … ယောက်ျားရေ … ဒီဖက်ကလည်း လိုချင်နေပြီ”

Zhao Kaiming စားပွဲပေါ်သို့ An He အား မတင်လိုက်သည်။ ခေါင်းငုံလိုက်ကာ ကျန်ရှိနေသေးသော နို့သီးလေးကို စုပ်နေလိုက်သည်။ An He ၏ ပန်းရောင်ဖျော့ဖျော့ နို့သီးလေးသည် အမျိုးသမီးတစ်ဦး ရင်သားထက် ပိုလှနေပြီး တစ်ခြားလူအား ချစ်စိတ်ပေါ်လာအောင် ဆွဲဆောင်နေသည်။

ယခုတလောတွင်မူ ထိုနို့သီးလေးများမှာ Zhao Kaiming ၏ ထပ်တလဲလဲ စုပ်ပေးခြင်း လျက်ပေးခြင်း များကြောင့် ပိုပြီး ဆတ်ဆတ်ထိမခံ ဖြစ်လာသည်။ နို့သီးလေးများ တခဏလောက် လျက်ပေးလိုက်သည်နှင့် An He ငယ်ပါ ထောင်မတ်လာကာ အရည်ကြည်များ စိမ့်ထွက်လာသည်။

တနေ့တွင် Zhao Kaiming နို့သီးလေးများ လျက်ပေးရုံဖြင့် သူ့ကို ပြီးမြောက်သွားစေနိုင်သည်ကို An He သံသယရှိလာသည်။

Zhao Kaiming အနည်းငယ် စူထွက်လာသော နို့သီးလေးများအား ကြည့်နေရင်း ပြုံးလိုက်သည်။

“ဘယ်လိုထင်လဲ? ကိုယ် နို့ရည်ထွက်လာအောင် စုပ်ပေးနိုင်မယ်လို့ထင်လား?”

“ယောက်ျား … ခပ်ပြင်းပြင်းလေး စုပ်ပေး …. ထွက်လာအောင် စုပ်နိုင် မစုပ်နိုင် စမ်းကြည့်ပါလား….”

Zhao Kaiming ရှောင်တိမ်းခြင်းက မကောင်းသော အငွေ့အသက်ရနေသည်။ လက်ထိပ်ကို အသုံးပြုပြီး နို့သီးထိပ်လေးများကို ခြစ်နေပြီး An He ညည်းသံများ ကြားရတော့ သူကျေနပ်သွားသည်။

“တကယ် ထန်တယ်ကွာ၊ လိင်အသိပညာပေး သင်ခန်းစာတွေ မသင်ခဲ့ရဘူးလား၊ ဒီ ဆရာကို ပြန်သင်ခိုင်းချင်သေးလား? အမျိုးသမီးတွေနဲ့ အမသတ္တဝါ တွေပဲ နို့ထုတ်ပေးနိုင်တယ် … မင်းက ယောက်ျားလေးကွ၊ …. ဒါပေမဲ့ ကြည့်ရတာ မင်းလည်း နို့ရည်ရှိချင်နေပုံရတယ် …. ကိုယ့်မှာ နည်းလမ်းရှိတယ်….”

Zhao Kaiming ရေခဲသေတ္တာကို ဖွင့်ပြီး ဒိန်ချဉ်တစ်ဗူးယူလာတာကို An He စိတ်မရှည်စွာ ကြည့်နေသည်။ An He ချက်ချင်း နားလည်လိုက်ပြီး အရင်ဆုံး စပြီး လက်ကို နောက်ဖက်ထောက်ကာ ကိုယ်တစ်ဝက်ကို စားပွဲပေါ် လှဲချလိုက်သည်။ ထို့နောက် Zhao Kaiming ၏ လှုပ်ရှားမှုများကို မျှော်နေလိုက်သည်။

Zhao Kaiming ဒိန်ချဉ်ကို An He ရင်ဘတ်ပေါ် လောင်းချလိုက်သည်။ အေးနေသော ခပ်ပျစ်ပျစ် ဒိန်ချဉ်များက ပူပြင်းပြီး နီရဲနေသော နို့သီးလေးများပေါ်ကျရောက်လာကာ လူးလွန့်နေအောင် ခံစားလိုက်ရသည်။ An He တကိုယ်လုံး တုန်ယင်နေပြီး အလွန်အမင်း ခံစားနေရကာ ပြီးသွားမတတ် ဖြစ်ရသည်။

Zhao Kaiming ခေါင်းငုံ့ပြီး နို့သီးလေးများကို ငုံလိုက်ပြီး အနားတဝိုက်မှ ဒိန်ချဉ် များကို အငမ်းမရ လျက်နေသည်ယာ

“ကိုယ့်ဇနီးလေးက တကယ် နို့ရည် ရှိတာပဲ …. တကယ် ချိုတယ် … အရသာ သိချင်လား?”

ပြောပြီးချင်းမှာပဲ An He နှုတ်ခမ်းလေးများကို ဆွဲစုပ်လိုက်သည်။ အတွင်းဖက်ရောက်ပြီး လျှာများ ရစ်ပတ်နေစဉ် ဒိန်ချဉ် များကို An He ပါးစပ်သွင်းသို့ ထည့်ပေးလိုက်သည်။ တံတွေးများက ခဲပျစ်နေသော ဒိန်ချဉ် များကို ပျော့သွားစေပြီး တစက်စက် စီးကျနေသည်က သုတ်ရည်များနှင့် လွန်စွာတူနေသည်။

နမ်းရှိုက်ပြီးနောက် An He လျှာလေး လစ်ခနဲ ထွက်လာကာ နှုတ်ခမ်းပါးတစ်ဝိုက် ပေကျံနေသည်များကို သပ်နေလိုက်သည်။

“ကျွန်တော့ ယောက်ျား သုတ်ရည်တွေကမှ ပိုအရသာ ရှိသေးတယ်”

“အိုကေလေ … ဒါဆို ကိုယ့်ဇနီးရဲ့ အစွမ်းအစတွေကို ကြည့်ရသေးတာပေါ့ …. တကယ်ကောင်းတဲ့ ဆောင်ရွက်ချက်မှသာ ဆုလာဘ် နဲ့ ထိုက်တန်မှာ”

ပြောပြီးသည်နှင့် Zhao Kaiming ထိုင်ချလိုက်ပြီး An He ၏ အပေါက်လေးကို လျက်နေလိုက်သည်။ ဘေးနားတဝိုက်မှာ ယခင်က အမွှေးအမျှင်များ မရှိတော့ပဲ ရိတ်ကာ သန့်ရှင်းထားသည်။ ခါတိုင်း သူတို့ ပြီးဆုံးသွားသည်နှင့် စအိုမှာ ပြန်လည် တင်းကျပ်လာပြီး နောက်တနေ့တွင် ညှို့ဓာတ် ပိုမို ပြင်းထန်လာသည်။

An He ခြေထောက်ကား လိုက်ပြီး ကျယ်လောင်စွာ ညည်းညူနေသည်။ သေးငယ်သည့် ဂန္ဓမာပန်း လေးက ပိုကျုံ့လာပြီး Zhao Kaiming လျှာလေးအား ဖျစ်ညှစ်ချင်လာသည်။

“အ့ … ယား …တယ် …ယောက်ျား … အထဲကို …. မြန်မြန်လေး …. အထဲက sensitive spot လေး … တကယ် ယားနေပြီ … ယောက်ျားရဲ့ ကြီးမားတဲ့ အတံလေးနဲ့ လာကုတ်ခိုင်းချင်နေပြီ …..”

An He ခြေတဖက်က Zhao Kaiming တကိုယ်လုံးကို ကြမ်းတမ်းစွာ ပွတ်တိုက်နေရင်း ညည်းညူနေသည်။ လျှာဖြင့် လျက်ထားသော အပေါက်ငယ်လေးမှာ နူးညံ့ပြီး စိုစွတ်လာသည်။ အတွင်းဖက်မှ အရည်ကြည်များ ပန်းထွက်လာပြီး ကြီးမားသော အသားချောင်း ဝင်လာလို့ ပြင်ဆင်နေသကဲ့သို့ပင် ….

DMBHWA Chapter 3: Examination Part 3

NSFW WARNING!!! THIS CHAPTER CONTAINS ADULT MATERIAL. ADULTS ONLY.

Zhao Kaiming လက်တဖက်က နို့သီးလေးကို ခပ်ကြမ်းကြမ်း ပွတ်သပ်ဖျစ်ညှစ်ပေးနေပြီး ကျန်လက်တစ်ဖက်က An He မေးကို ကိုင်ကာ ခေါင်းမော့စေသည်။

“မင်းလေး က တကယ့် အထန်လေးပဲ၊ မင်း အောက်ပိုင်းက နောက်တခါ ထပ်စိုနေပြန်ပြီ မလား”

An He ဖျစ်ညှစ်ခံရတာကို မဆိုင်းမတွ တုံ့ပြန်နေရင်း ရမ္မက်ဇောဖြင့် ငိုကြွေးနေသည်။

“အဲ့လိုမလုပ်ပါနဲ့ …. ကျွန်တော် နည်းနည်းပဲ ထန်တာပါ၊ မိန်းမတွေထက်ကို ကျွန်တော် ပိုပြီး တဏှာစိတ် ပိုကြီးတာလေး တစ်ခုပဲ၊ ကျွန်တော့် အပေါက်သေးလေးက တကယ် စိုနေပြီ …. အ့ .. ဒေါက်တာ … ကျွန်တော့် ကို ကူပါဦး….”

Zhao Kaiming လက်က An He ငယ်ပါ ကို ဆုပ်ကိုင်နေရင်း ပြုံးပြလိုက်သည်။

“ဒါ … ဆရာဝန် တယောက်ရဲ့ စစ်ဆေးစမ်းသပ်မှု လုပ်ပေးနိုင်တဲ့ အတိုင်းအတာ တစ်ခုကို ကျော်လွန်သွားပြီ”

An He လျင်မြန်စွာပင် Zhao Kaiming ကို ဆွဲပြီး ကုတင်ပေါ် လှဲချကာ သူကိုယ်တိုင်ကျ တခြားလူ၏ ဝမ်းဗိုက်ပေါ် တက်ထိုင်လိုက်သည်။ Zhao Kaiming ၏ မာထန်ပြီး ပူပြင်းနေသည့် အသားချောင်းကြီးက An He တင်ပါးကို လာရိုက်ခတ်နေသည်။ ကုတင်ပေါ် လူးလွန့်နေသောကြောင့် ကြီးမားသော ပစ္စည်းက An He တင်ပါးကြားတွင် တင်းတင်းဆုပ်ကိုင်ထားသလို ဖြစ်နေပြီး ဘယ်ညာ ယိမ်းထိုးနေသည်။

” အ့ … သနားတတ်တဲ့ အကိုကြီး … ကျွန်တော့်ကို ကူညီပါဗျာ … ကျွန်တော့ အပေါက်လေး တကယ် ယားနေပြီ …. အထဲမှာ ဘာမှ မရှိဘူး …. ကျွန်တော် ပိုလိုချင်နေပြီ ……”

An He ၂ ချက်မျှသာ ပွတ်ဆွဲလိုက်သော်လည်း ခါးပြုတ်မတတ် ဖြစ်သွားကာ Zhao Kaiming ကိုယ်ပေါ်သို့ ပျော့ခွေကျသွားသည်။ အရပ်ကွာခြားမှု ကြီးမားသောကြောင့် An He ခေါင်းက Zhao Kaiming ရင်ဘတ်ပေါ်ကိုသာ ရောက်လေသည်။ An He ခေါင်းကို ငုံ့ကာ Zhao Kaiming နို့သီးလေးများကို အားကျမခံ စုပ်ပေးနေသည်။

Zhao Kaiming နောက်ပြောင်မှုကြောင့် ကိုယ့်အပြစ်နဲ့ ကိုယ် တကိုယ်လုံး ပူတက်လာသည်။ များပြားလှသော လူများနှင့် သူ ကစားဖူးပါလျက် ယခုတွင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်။ An He ၏ ချိုမြိန်သော ညည်းညူသံ များ ကြားရသည်နှင့် သူ နောက်ပြောင်လိုစိတ်မရှိတော့။

“ဟုတ်ပြီ … မင်းကို ကူညီဖို့ မဖြစ်နိုင်တာတော့ မရှိပါဘူး … ဒါပေမဲ့ ကိုယ့်ကို ယောက်ျား လို့ မင်း ခေါ်တာ ကြားချင်တယ်”

“ယောက်ျား … ကျွန်တော့်ရဲ့ အိမ်ရှင်ကြီး ….. မြန်မြန် ကျွန်တော့်ကို fuck ပေးပါဗျာ …. ခင်ဗျား မိန်းမ အပေါက်လေးက တကယ် ယားနေပြီ …. အရည်ကြည်တွေတောင် စိမ့်ထွက်နေပြီ … ယောက်ျားရေ …. အ့ …. မြန်မြန်လေး ……”

An He လုံးဝ မရှက်တော့ပဲ ရမ္မက်ဆန်သော အသံဖြင့် အမည်တပ်ခေါ်ခြင်း ကို လုံးဝ ပြောင်းလိုက်သည်။
Zhao Kaiming မမျှော်လင့်ထားပေ၊ သူနှင့် မကြာမီကGay Bar တစ်ခုတွင် တွေ့ခဲ့သော ထိုကောင်လေးမှ အိပ်ယာထဲက ကိစ္စနှင့် ပတ်သက်၍ စာရိတ္တ ပျက်ပြားနေမည် ဟု မထင်ထားမိ။
လက်နှစ်ဖက်ကို အသုံးပြုကာ တင်နှစ်မွှာကို အသာဟပြီး သူ့ပစ္စည်းအား ဂရုတစိုက် ထိုးသွင်းလိုက်သည်။ သို့သော် သူတို့၏ ကိုယ်နေဟန်ထားကြောင့် နက်ရှိုင်းစွာ မဝင်ရောက်နိုင် ….

An He အထက်အောက် နှစ်ချက်မျှ ဝမ်ချည်ကြွချည် လုပ်ပြီးနောက် မကျေနပ်သဖြင့် Zhao Kaiming ရင်ဘတ်အား ကိုက်လိုက်သည်။
Zhao Kaiming ဖင်တုံးလုံးလေးအား တစ်ချက်ရိုက်လိုက်တော့ ကြွပ်ဆတ်နေသော အရာတစ်ခုအား ရိုက်ခတ်ရသကဲ့သို့ အသံထွက်လာသည်။ ခါးကို အသာရွေ့လိုက်တော့ An He ပါးစပ်မှ စီးကျလာသော သွားရည်များက Zhao Kaiming ၏ အမှတ်အသား ပြုထားသော ရင်သပ်ရှုမောဖွယ် ရင်ဘတ်ပေါ် စီးကျလာသည်။

စမ်းသပ်ခန်းမှ ကုတင်မှာ သေးငယ်သောကြောင့် လှုပ်ရှားရန်အတွက် အဆင်မပြေ။ Zhao Kaiming ထကာ An He ခြေထောက်ကို ခါးဆီ ချိတ်စေပြီး စတင်၍ အဝင်အထွက် ပြင်းပြင်းထန်ထန် လှုပ်ရှားနေသည်။ ယခု အနေအထားမှာမူ နှစ်ဦးသား ထိတွေ့မှုကို ပိုမိုကြပ်တည်းစေသည်။

တရှိန်ထိုး တိုးဝင်လာသောအရာကြောင့် သူ့အပေါက်ငယ်လေးမှ အပူရှိန် ကို ခံစားနေရသည်။ Zhao Kaimimg လက်မောင်းကို အားပြု ဆုပ်ကိုင်ကာ နားထဲသို့ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော ညည်းညူသံများ ပို့သွင်းပေးလိုက်သည်။

“အ့ … ကျွန်တော့ ယောက်ျား ရဲ့ ကြီးမားတဲ့ပစ္စည်း က တကယ် ထိမိတယ် ….. ကောင်းလိုက်တာ …. ယောက်ျား … ကျွန်တော့ ဂန္ဓမာပန်း တော့ စုတ်ပြတ်သွားတော့မယ် … အရည်ကြည်တွေ တသွင်သွင် စီးကျနေပြီ”

Zhao Kaiming ဒီစကားကြားတော့ သူ့ ပစ္စည်းမှာ ရှိရင်းစွဲထက် နောက်တဆင့် ပိုမို ကြီးသွားသည်။

“အထန်ကလေး၊ ဇိမ်ခံချင်တဲ့ ကလေး၊ မင်း ယောက်ျား မင်းကို fuck တာ ကြိုက်လား? အရည်ကြည်တွေ အများကြီးနဲ့ မင်းက တကယ့် ရာဂကြီးတဲ့ မိန်းမတယောက်ထက် ပိုထန်နေတာပဲ၊ ဒီအပေါက်လေးက အသားချောင်း တော်တော် များများကို စားထားပြီးပြီလား? မင်းယောက်ျား အသားချောင်းက မင်းကို ကျေနပ်မှု ပေးနိုင်ရဲ့လား?”

An He မောပန်းနေသည့်ကြားမှ ချက်ချင်း ပြန်ရှင်းပြလိုက်သည်။

“ဒါ ကျွန်တော့ အတွက် ပထမဆုံး …..အ့ ……အ့ အတော် ထိတယ် …. မြန်မြန် …. မြန်မြန်လေး …. ကျွန်တော့ အပေါက်လေးက ယောက်ျားပဲ ထိုးဖောက်ရသေးတာ ….”

Zhao Kaiming ရုတ်တရက် ရပ်သွားပြီး An He နှင့် မျက်နှာချင်းဆိုင် ကြည့်နေလိုက်သည်။

“ဒါ တကယ်လား? မင်း ဒီနေ့ ကိုယ့်ကို တမင်သက်သက် လာရှာတာပေါ့”

An He ညိုးငယ်စွာဖြင့် ဖင်ကို ကြွလိုက်ပါ တရှုံ့ရှုံ့ ဖြစ်နေသည်။

“ဟုတ်တယ် … ကျွန်တော် ယောက်ျားကိုပဲ အကြိုက်ဆုံး၊ ကျွန်တော့်ကို ယောက်ျားကပဲ fuck ပေးစေမှာ၊ အိမ်မက်ထဲမှာတောင် မှ ကျွန်တော် ယောက်ျားနဲ့ ချစ်နေကြတာ”

Zhao Kaiming ရုတ်တရက် An He ကို နမ်းလိုက်ပြီး နေရာပြောင်းလိုက်သည်။ ကမ္ဘာကြီး ကွဲထွက်မတတ် ခွန်အားဖြင့် အရင်ကထက် ပိုမို မြန်ဆန်သော အမြန်နှုန်းဖြင့် ထုတ်သွင်းနေသည်။ သူဟာ အမြဲတမ်းအားဖြင့် တုံ့ပြန်မှု မရှိသည့် လူတစ်ယောက်၊ သို့သော် An He ၏ သူးအား ကြိုက်သည် ဆိုသော စကားအား ကြားပြီးနောက် Zhao Kaiming စိတ်လှုပ်ရှားသွားရသည်။ ဒီ မိစ္ဆာလေးကို အိပ်ယာထဲ ဆွဲခေါ်ကာ သေထိ အထိ fuck ချင်စိတ်များ ပေါ်လာသည်။

An He အသံမပြုနိုင်စဉ်မှာပင် လျင်မြန်သော အရှိန်ဖြင့် သွင်းထုတ်ခြင်း ကို ခံလိုက်ရသည်။ ခေါင်းထဲ ဘာမျှ မရှိတော့ပဲ သူကိုယ်တိုင် ဘာကို ပြောနေမှန်းပင် မသိတော့။ သူ့ခန္ဓာကိုယ်၏ အလိုအလျောက် တုံ့ပြန်မှုနှင့် ဆုံးဖြတ်ချက်များကို လိုက်ပါ စီးမျောနေရင်း ရမ္မက်စိတ်ကြွစေသော အသံဖြင့် ~

” အ့ … အ့ … ထပ်သွင်းပေး …. သေတဲ့အထိ လုပ်ပေး … ယောက်ျား … ယောက်ျားက တကယ် အားသန်တာပဲ … အသားချောင်းကြီးက တကယ့်ကို အံသြဖို့ကောင်းတယ် ….. ယောက်ျားရဲ့ အသားချောင်းကြီးကို ကျနော် အကြိုက်ဆုံးပဲ …. အ့ …..”

Zhao Kaiming နောက်ထပ် ၁၀ မိနစ်ခန့် ထိုးသွင်းခြင်း ပြုလုပ်နေပြီးနောက် An He ကို အထွတ်အထိပ် ရောက်သွားစေသည်။ An He ငယ်ပါမှာကား ယခုတွင် ပျော့ကျသွားပြီး နောက်ထပ် အရည်ပျစ်များ ထုတ်နိုင်ခြင်း မရှိတော့၊ Zhao Kaiming ထိန်းမထားနိုင်တော့ပဲ An He ကိုယ်တွင်းသို့ ခပ်ပျစ်ပျစ်အရည်များ စွန့်ထုတ်လိုက်သည်။ တဝက်ခန့် ပျော့ခွေကျနေသော သူ့အရာအား ဆွဲထုတ်လိုက်စဉ် သုတ်ရည်များနှင့် ကိုယ်တွင်းအရည်ကြည်များ ရောနှောနေသာ အဖြူရောင် အရည်များစွာ စီးကျလာသည်။ အပေါက်ငယ်လေးမှာကား တခဏကြာသည်အထိ ပြန်မပိတ်နိုင်သေးပေ ….။

Zhao Kaiming သူ့ရှေ့မှ လှပသော မြင်ကွင်းအား နှစ်ခြိုက်စွာ အရသာခံကြည့်နေသည်။ လှပလွန်းသဖြင့် မနေနိုင်တော့ပဲ ဖုန်းထုတ်ကာ ဓာတ်ပုံအတော်များများ ရိုက်ယူထားလိုက်သည်။ တကယ်တမ်းဆိုသော် An He အထွတ်အထိပ် ရောက်နေစဉ်ကာလတွင် ဖြစ်ပေါ်လာသော ညှို့ယူဖမ်းစားတတ်သည့် မျက်နှာလေးကို ဘယ်တော့အခါမျှ မေ့နိုင်မည်မထင်။

တယောက်ယောက် အခန်းတွင်းသို့ တိုးကပ်လာသည်ကို An He ခံစားလိုက်ရပြီး လက်နှစ်ဖက်ကို မ,တင်ပြီး Zhao Kaiming လည်ပင်းအား တွဲထားလိုက်သည်။ မျက်လုံးကို မှိတ်ထားပြီး နှုတ်ခမ်းဖြင့် နမ်းစေလေသည်။
Zhao Kaiming က An He မျက်လုံးလေးများအား အနည်းငယ် နမ်းလိုက်ပြီး An He ၏ နောက်ထပ်ရှေ့ဆက်လိုသော ဆန္ဒကို ရပ်တန့်စေလိုက်သည်။

ထို့နောက် စိတ်ချလက်ချ ဖြစ်နေသော အသံဖြင့် ~
“ဒီလူနာအတွက် ကုသပေးပြီးသွားပြီ၊ နောက်ထပ် လူနာ ကို ကုဖို့ သင့်ပြီ”

An He လက်နှစ်ဖက်က Dr. Zhao မရှောင်းတိမ်းနိုင်အောင် တင်းကျပ်စွာ ဖက်တွယ်ထားသည်။ Dr. Zhao သည် သူ့အား မခွဲခွာချင်လောက်အောင် သာယာမှုကို တကယ်ပေးနိုင်စွမ်းရှိသည်။ An He အစတွင် တွေးထားသည်က Dr. Zhao ၏ စိတ်ကျေနပ်စေသော ပေးစွမ်းနိုင်မှုကို တခါရယူပြီးသည်နှင့် လုံလောက်ပြီ ဟု ထင်မှတ်ခဲ့သည်။ သို့သော် လူသားများသည် လောဘကြီးကုန် ရလေကား ယခုတွင် သူ Dr. Zhao နှင့် နောက်ထပ် အကြိမ်ရေ တော်တော်များများ ဆက်လုပ်ချင်နေမိသည်။ အကယ်၍ သူသာ Dr. Zhao နှင့် ဆက်လက်၍ ယခုကဲ့သို့ လုပ်ဖြစ်မည်ဆိုက အလွန်ကောင်းပေလိမ့်မည်။

Zhao Kaiming အောက်သို့ ပုံကျနေသော ဘောင်းဘီကို ပြန်လည်းဝတ်ဆင်ပြီး အိတ်ကပ်ထဲမှ သော့တစ်ချောင်းကို ထုတ်ယူလိုက်သည်။

“အလုပ် အကုန်မပြီးခင်အထိ တစ်နာရီလောက် အချိန်ကျန်သေးတယ်၊ ကားထဲမှာ ကိုယ်ကို သွားစောင့်နေပေးနော်”

An He အကြီးအကျယ် စိတ်လှုပ်ရှားသွားကာ သော့ကို လက်ခံလိုက်သည်။ ထို့နောက် မတ်တပ်ရပ်ဖို့ လုပ်နေစဉ်မှာပင် သူ့ခါးရော၊ ခြေထောက်ရော အားမရှိတော့သည်ကို သိလိုက်ရပြီး သနားစဖွယ် မျက်လုံးများဖြင့် Zhao Kaiming အား ကြည့်နေလိုက်သည်။

Zhao Kaiming ရှက်ရှက်ဖြင့် တချက် ချောင်းဟန့်လိုက်သည်။ တကယ်တော့လည်း တဖက်လူအား ယခုအခြေအနေထိ ရောက်အောင် သူလုပ်ဆောင်ခဲ့သည်ပဲ မဟုတ်လား။

“ထားလိုက်တော့၊ ကိုယ် ကန့်လန့်ကာ ပိတ်ထားပေးမယ်၊ မင်း ဒီမှာပဲ နေပြီး အေးဆေးနားနေတော့”

အဲ့တော့မှပဲ စမ်းသပ်ခန်းက An He ကုတင်ပေါ် လဲလျောင်းသွားသည်။ တကိုယ်လုံး မှာလည်း ချစ်သည်းအမှတ်အသား များဖြင့် ပြည့်နှက်နေသည်။ Zhao Kaiming မှာ ကန့်လန့်ကာ ရှေ့တွင် နောက်ထပ်လူနာအား စမ်းသပ် စစ်ဆေးပေးနေသည်။

DMBHWA Chapter 2: Examination Part 2

NSFW WARNING!!! THIS CHAPTER CONTAINS ADULT MATERIAL. ADULTS ONLY.

Zhao Kaiming နောင်တ ရနေသော အသံဖြင့်~
“ကြည့်ရတာ မင်းတော့ ဆက်မလုပ်နိုင်တော့ဘူးထင်တယ်”

An He အသက်ရှုသံ ပြင်းလာပြီး လက်တစ်ဖက်က Zhao Kaiming ရဲ့ ဂျူတီကုတ်ကို ဆွဲလိုက်သည်။ အသနားခံတဲ့ အသံနေအထားဖြင့်~

“ရ …. တယ် ….. ရ တယ် ဒေါက်တာ၊ ကျေးဇူးပြုပြီးတော့ ဆက်လုပ်ပေးပါ”

“ကောင်းပြီလေ ….. ဒါပေမဲ့ …..”

Zhao Kaiming ရဲ့ စိုစွတ်နေတဲ့ လက်ချောင်းများက စအိုဝမှတဆင့် ငယ်ပါ အောက်ခြေသို့ ညက်ညောစွာ ရွေ့လျားလာပြီး ငြင်သာစွာ ရိုက်လိုက်သည်၊

“ရှေ့ပိုင်းက ပြဿနာကို အရင်ရှင်းကြတာပေါ့”

Zhao Kaiming လက်များသည် ခွဲစိတ်ဓားကိုင်ဖို့ မွေးဖွားလာသလိုပင်၊ နွေးထွေးသည်၊ ချောမွေ့သည်၊ သန်မာသည်။ ယခုတွင် သူ့လက်နှစ်ဖက်က An He ၏ ထောင်မတ်နေတဲ့ ပစ္စည်းကို ငြင်သာစွာ ဆုပ်ကိုင်ထားလေသည်။ လက်မတစ်ဖက်က ငယ်ပါထိပ်ကို ပွတ်သပ်ပေးနေသောကြောင့် An He မှာ လှိုက်ခနဲ ဖြစ်သွားသည်။ ကျောခင်းချ လဲလျောင်းနေရင်း ခါးကို ပင့်ကာ Zhao Kaiming လက်ထဲသို့ သူ့ပစ္စည်း ကို တွန်းပို့နေသည်။

“အား …ဒေါက်တာ၊ ကောင်းတယ် …. တကယ်ကောင်းတယ်၊ မြန်မြန် .. နည်းနည်း မြန်ပေး၊ ကျွန်တော် တကယ် ကြိုက်တယ်”

An He ၏ အသံက အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက် ခပ်သြသြ အသံကဲ့သို့ မထွက်ပဲ ကြည်လင်ပြီး မရင့်ကျက်သေးသော တက္ကသိုလ် ကျောမင်းသားတယောက်အသံပေါက်နေသည်။ လက်ရှိတွင် ထိုကြည်လင်သော အသံကား ရမ္မက်များဖြင့် လွှမ်းခြုံနေလျက်၊ အပြင်းစား ဆွဲဆောင်မှုတစ်ခု အလား ….

An He ရဲ့ ညည်းသံကြားရတော့ Zhao Kaiming သူ့ အောက်ပိုင်း မှ လျင်မြန်စွာ မာတောင့်လာသည်။ ပါးလွှာတဲ့ ဘောင်းဘီများက သူ့ဆန္ဒကို မထိန်းပေးနိုင်။ ထို့ကြောင့် နောက်ဆုံးမှာတော့ Zhao Kaiming ခါးပတ်ကို ဖြုတ်လိုက်သည်။ ဘောင်းဘီအတွင်းမှာတော့ အတွင်းခံဝတ်မထားပေ၊ သို့သော်လည်း အဖြူရောင် ဂျူတီကုတ်က အနည်းငယ် ဖုံးကွယ်ထားပေသည်။

An He ခံစားချက်တို့ကြောင့် လွင့်မျောနေသော်လည်း ခါးပတ်ဖြုတ်လိုက်သည်ကို မဆိုင်းမတွ တွေ့လိုက်ရသည်။ သူ့မျက်လုံးများက Zhao Kaiming ရဲ့ ပစ္စည်းကို စိုက်ကြည့်နေသည်။ သူ့ဟာနဲ့ ယှဉ်ရင်တော့ size က မိုးနှင့်မြေလို ….

“ဘာဖြစ်လို့လဲ? ကြောက်သွားလို့လား? မင်းလည်း ကိုယ့်ကို ကူညီပေးသင့်တယ်လို့ မထင်ဘူးလား?”

Zhao Kaiming ပြောနေတုန်း An He လက်တဖက်ကို ဆွဲယူပြီး သူ့ပစ္စည်းပေါ် တင်ပေးလိုက်သည်ယာ

An He လက်ရှိ သူ့ကိုယ်သူ မေ့နေသည်။ Zhao Kaiming အင်္ဂါ ကို ဆွဲယူရင်း ထလိုက်ကာ ဒူးထောက်လိုက်သည်။ ခေါင်းကို မော့ပြီး ~

“ကျွန်တော့်ကို ခွင့်ပြုပေးမလား?”

Zhao Kaiming ထိုစကားများနောက်ကွယ်မှ လေးနက်သော အဓိပ္ပါယ် ကို ချက်ချင်းနားလည်လိုက်သည်။ An He နှုတ်ခမ်းလေးကို စိုစွတ်နေသော သူ့လက်ချောင်းများဖြင့် အသာပွတ်သပ်လိုက်ရင်း ~

“ခွင့်ပြုတာပေါ့၊ ကိုယ်တော့ မင်းကို ဒုက္ခပေးသလို ဖြစ်နေပြီ”

အပြုံးတစ်ပွင့် က An He မျက်နှာပေါ်တွင် နေရာယူလာသည်။ သူ့ခေါင်းကို ငုံ့လိုက်ရင်း ကြီးမားသော အရာကို နမ်းလိုက်သည်။ အတံထိပ်မှတဆင့် အောက်ဆင်းသွားသော အကြောင်းလေးကို လျှာလေးဖြင့် တရွတ်တိုက် ဆွဲသွားသည်။ ယောက်ျားဆန်သော အနံ့လေးက An He မျက်နှာကို ရိုက်ခတ်လာသည်။

An He ပါးစပ်ကို ဖွင့်လိုက်ကာ အောက်က ဝှေးစေ့တစ်လုံးကို စုပ်ယူလိုက်သည်။ တံတွေးများက ပါးစပ်မှ တဆင့် ဘေးဘက်သို့ စီးကျနေသည်။ တခဏအကြာ ဝှေးစေ့ကို ပါးစပ်တွင်းမှ ထုတ်လိုက်သည် ငယ်ပါထိပ်ဖျားကို စုပ်ယူလိုက်သည်။ ပါးစပ်ကို အကျယ်ကြီးဖွင့်ကာ အရာတစ်ခုလုံးကို မြိုချမတတ် စုပ်ယူလိုက်သည်။

“အ့ …..”
Zhao Kaiming ခေါင်းမော့သွားပြီး မျက်လုံးများ မှေးစင်းလာသည်။ သူ An He ၏ ဆံသားလေးများကို အသာအယာ ပွတ်သပ်ပေးနေရင်း အနက်ရှိုင်းဆုံး ရောက်အောက် ခေါင်းကို ဖိချလိုက်သည်။

An He မှာတော့ တင်းကျပ်စွာ ဖိချခံလိုက်ရပြီး ငယ်ပါထိပ်ပင် လည်ပြွန်ဝကို လာရောက် မိတ်ဆက်သောကြောင့် ပျို့တက်လာရသည်။ သို့သော်လည်း ပြန်မလွှတ်ပေးလိုသော အားဖြင့် ဖိချခံထားရသောကြောင့် တချက်တချက် ရှိုက်ဖိုလာပြီး အနည်းငယ် တုန်ယင်လာကာ မွန်းကြပ်လာသည်။

Zhao Kaiming သူ့ကို လွှတ်ပေးလိုက်သည်။ မျက်စိမှေးနေရင်းကပင် သူ့အား ~

“ဟုတ်ပြီ၊ နောက် အနေအထား တစ်ခု ပြောင်းရအောင်”

ထို့နောက် Zhao Kaiming က An He အား ကုတင်ပေါ် တွန်းချလိုက်သည်။ An He ခြေထောက်တစ်ဖက်ကို ဆွဲမပြီး သူ့ ငယ်ပါ အား ဆွဲကိုင်ကာ စအိုဝအား ဖိထောက်ထားလိုက်သည်။

An He အသက်ရှူဖို့ပင် အချိန်မရှိ၊ စအိုလမ်းကြောင်းမှ တဆင့် ပြင်းရှသော ခံစားချက်တစ်ရပ် ပေါ်ထွက်လာသည်။ ခံစားချက်အတိုင်း စီးမျောဖို့ ဆုံးဖြတ်လိုက်ပြီးနောက် ခြေချောင်းများ ကွေးသွားသည်။ ထို့နောက် ရှေ့မှာ ရပ်နေသော Zhao Kaiming ကို သူ့အား ခွန်အားရှိသမျှနှင့် ထိုးဖောက်ပေးရန် ဆာလောင်မွတ်သိပ် ခြင်း အပြည့်ဖြင့် ကြည့်နေလိုက်သည်။

An He လက်က ဘယ်အချိန်ကမှန်းမသိ တွန့်ကြေနေပြီဖြစ်သော သူ့ အဖြူရောင် ရှပ်အင်္ကျီအား ဆွဲယူ မတင်လိုက်သည်။ ချောမွေ့ကာ ဖြူဝင်းနေသော ရင်အုပ်ပေါ်တွင် ပန်းရောင်သမ်းနေသော ချယ်ရီပန်း ပွင့်ချပ်သဖွယ် လေးများက Zhao Kaiming အား ရာဂ နိုးကြွလာစေသည်။ Zhao Kaiming ခေါင်းငုံ့ပြီး ပွင့်ချပ်တစ်ဖက်ကို စုပ်ယူကာ တစ်ချိန်တည်းမှာပဲ ကျန်တစ်ဖက်အား လက်နှင့် ချေပေးနေသည်။
A
Zhao Kaiming ခေါင်းကို ဖက်တွယ်လိုက်ရင်း An He ကျေနပ်မှု အပြည့်ဖြင့် ရမ္မက်ဆန်ဆန် ညည်းသံများ ပေါ်ထွက်လာသည်။

“အ့ … ဒေါက်တာ၊ ကျနော့် နို့သီးတွေ နာနေတယ်၊ ဒေါက်တာ စုပ်ပေးတာ သက်သာသွားတယ်၊ ကျနော် လိုချင် ….ကျနော် ပိုလိုချင်တယ် ….
အ့ ….. ကျနော့် အောက်ပိုင်း စိုနေပြန်ပြီ …. အောက်ပိုင်းမှာလည်း လိုအပ်နေပြီ ဒေါက်တာ…”

“ဘာကို လိုအပ်နေတာလဲ? အကယ်၍ လူနာက လိုချင်တာကို ရှင်းအောင် မပြောရင် ဆရာဝန်လည်း ကုပေးဖို့ မတတ်နိုင်ဘူးနော်”

Zhao Kaiming လက်များက နို့သီးလေးများကို ပွတ်ချေပေးနေရင်း ခပ်ပြုံးပြုံးလေးဖြင့် ပြန်မေးလိုက်သည်။

“အ့ … ကျနော် ဒေါက်တာရဲ့ ကြီးမားတဲ့ ညီလေးကို လိုချင်တာ …. သေတဲ့အထိ ….. ခပ်ပြင်းပြင်းလေး fuck ပေးပါ ….. ”

Zhao Kaiming သူ့လက်နက်အား ဆွဲကိုင်လျက် တိုက်ပွဲအတွင်း ဝင်လာသည်။ သူ့ အသားချောင်းကြီးအား ထိန်းကိုင်ပေးရင် An He ၏ သေးငယ်သော အပေါက်တွင်းသို့ ထိုးသွင်းနေသည်။ အပေါက်သေးသေးလေးမှာ ခုနက အရည်ကြည်များဖြင့် ချောမွေ့နေပြီး လက်ချောင်းများဖြင့်ပါ အလုပ်ပေးထားသောကြောင့် အသားချောင်းကြီးမှာ လွယ်ကူချော့မွေ့စွာ ဝင်ရောက်သွားသည်။ သို့သော်လည်း Zhao Kaiming ပစ္စည်းမှာ အလွန်ကြီးမားပြီး ရှည်လျားသောကြောင့် တဝက်တိတိတွင် ညှပ်သွားသည်။ တဝက်တပျက်တွင် ကြပ်ညှပ်နေသောကြောင့် ရပ်တန့်လိုက်ရခြင်းကို နှစ်ယောက်လုံး စိတ်မသက်မသာ ဖြစ်နေသည်။

Zhao Kaiming ငြင်သာစွာ ရှေ့တိုးနောက်ဆုတ် ပေးပြီး တခါတခါ တိုးဝင်သွားတိုင်း သူ့အသားချောင်းတစ်ခုလုံး အတွင်းသို့ ရောက်သွားစေရန် ဖိ၍ သွင်းသွင်းသွားနေသည်။

“အ့ … အ့ … ဟင်း ….. ဟင်း….”

တဖြည်းဖြည်း တိုးထွက်လာသော ကောင်းမွန်သည့် ခံစားချက်များက An He ၏ ခပ်တိုးတိုး ညည်းသံများကို အသက်ရှူမှားသလို ပင့်သက်ရှိုက်သံ များ အဖြစ်သို့ ပြောင်းလဲသွားသည်။

အကြိမ်တစ်ရာခန့် ခပ်ပြင်းပြင်းလေး ရှေ့တိုးနောက်ဆုတ် လုပ်ပြီးနောက် ကျေနပ်ဖွယ်ကောင်းသော ပြင်းထန်သည့် သာယာမှုတစ်ခု ကို ခံစားလိုက်ရသည်။ Zhao Kaiming အသာလေး မတ်တပ်ရပ်နေရင်း သုတ်ရည်များကို အစုလိုက်အပြုံလိုက် စအိုလမ်းကြောင်းတွင်းသို့ ထုတ်လွှတ်လိုက်သည်။ ကျဉ်းကြပ်နေသော ထိုအပေါက်သေးသေးလေးကား သုတ်ရည်များဖြင့် ပြည့်နှက်နေလျက် ….

An He လည်း ကျယ်လောင်စွာ ညည်းညူလိုက်ပြီး အထွတ်အထိပ် ကို ရောက်ရှိသွားသည်။ သူ့ ငယ်ပါ မှာ ကျေနပ်မှု မခံစားရသေးပေမဲ့ အရည်ဖြူဖြူတို့ များပြားစွာ လွှတ်ထွက်လာသည်။ သုတ်ရည်လေးများက ရင်အုပ်နှင့် ဝမ်းဗိုက်များပေါ်တွင် မိုးစက်လေးများသဖွယ် စုတင်နေသည်။

Zhao Kaiming က An He ကိုယ်ပေါ် ဖိကား တခဏမျှ နားနေသည်။ ထို့နောက် အနည်းငယ် ထောင်မတ်နေသေးသော သူ့ညီလေးအား ဆွဲထုတ်လိုက်သည်။ သူ့ညီလေးမှာ သုတ်ရည်များဖြင့် စေးကပ်နေပြီး An He ၏ ကိုယ်ပေါ်သို့ တစက်ချင်း …. တစက်ချင်း စီးကျနေသည်။
An He ငေးငိုင်ကြည့်နေသည်။ ထိုအခြင်းအရာကို မြင်ရပြီး Zhao Kaiming ၏ ကြီးမားသော အသားချောင်းအား စိုက်ကြည့်နေကာ တံတွေးကို မျိုချလိုက်သည်။

An He လေးဖက်ထောက်လာပြီး တဖန် Zhao Kaiming ရှေ့တွင် ဒူးထောက်လိုက်သည်။ တဖက်လူ၏ ညီလေးအား ပါးစပ်ထဲ သွင်းလိုက်ပြီး လျှာဖျားလေးဖြင့် သူ့အရည်များနှင့် သုတ်ရည်များ ရောနှောနေသည်ကို ပြောင်စင်အောင် လျက်နေသည်။

ပြောင်အောင် လျက်ပြီးသွားပြီးနောက် An He ခေါင်း အသာလေး မော့ကာ ပါးစပ်ထောင့်နားမှ စီးကျနေသော အရည်များကို လျှာလေးဖြင့် သပ်လိုက်သည်။

“Doctor, အဲ့ အရသာ တော်တော်ကောင်းတယ်၊ ကျနော် ထပ်လိုချင်သေးတယ်”

DMBHWA Chapter 1: Examination Part 1

NSFW WARNING!!! THIS CHAPTER CONTAINS ADULT MATERIAL. ADULTS ONLY.

“Doctor, ကျွန်တော့ အောက်ပိုင်း နောက်တစ်ခါ စိုပြန်ပြီ”

An He ရဲ့ လက်နှစ်ဖက်လုံးက Doctor ရဲ့ အင်္ကျီစကို အားကိုးတကြီး ဆုပ်ကိုင်ထားသည်၊ သနားစရာကောင်းအောင် ပါးစပ်လေးဟပြီး တုန်လှုပ်ချောက်ချားမှုက နီမြန်းနေသော မျက်နှာပေါ်မှာ နေရာယူထားသည်။

Doctor အနည်းငယ် အံအားသင့်သွားပြီး သူ့အားကြည့်လိုက်သည်။ ချောမွတ်ပြီး ဖြူဝင်းနေသော မျက်နှာက သဘာဝကျစွာ အနီရောင်သန်းလျက် ထင်ထင်ရှားရှား မြင်ရသည်။

Doctor တံတွေး တိတ်တဆိတ် မျိုချလိုက်ရပြီး လက်တဖက် မြှောက်ကာ An He ပုခုံးပေါ် တင်လိုက်သည်။ ကတ္တီပါသားလို နူးညံ့သော အထိအတွေ့က သူ့စိတ်ကို အစိုးမရဖြစ်စေကာ နှစ်ကြိမ်မျှ ပွတ်သပ်လိုက်သည်။

သူ့အနေနဲ့ ဒီဌာနထဲတွင် အတည်ငြိမ်ဆုံးသော လူဟု သတ်မှတ်ခံရသော်လည်း ယခုတွင်မူ နူးညံ့မှု အပြည့်ဖြင့်

“ဘာဖြစ်တာလဲ? စိတ်လှုပ်ရှားစရာ မလိုဘူး၊ စိတ်အေးအေးထားပြီး ဖြည်းဖြည်းချင်းပြော”

An He ရဲ့ စိတ်ပူပန်မှုတွေ အနည်းငယ်လျော့သွား၏။ စမ်းသပ်ခန်းထဲတွင် သူရယ် Doctor ရယ် နှစ်ယောက်တည်းသာ၊ တခဏတာမျှ စိတ်ရှုပ်ထွေးနေပြီး နောက်ဆုံးတွင်

“ဖြစ်နေတာတော့ မကြာသေးဘူး၊ ကျွန်တော့် အောက်ပိုင်းက အမြဲလိုလို နွေးပြီး စိုစွတ်နေတယ်၊ တစ်စုံတစ်ခု က စိမ့်ထွက်နေသလိုပဲ၊ ဆရာ … ကျွန်တော် သေစေနိုင်တဲ့ ဖျားနာမှု တစ်ခုခုများ ရနေတာလား?”
Zhao Kaiming သူ့လက်နှစ်ဖက်ကို အားဆုပ်ကိုင်လိုက်ရင်း

“အဲ့တာ မင်းရဲ့ စအိုလား?

An He ရှက်ရှက်ဖြင့် သဘောတူသကဲ့သို့ ခေါင်းငုံးထားလိုက်သည်။

Zhao Kaiming လည်ချောင်း ရှင်းလိုက်ကာ

“ဒီကိုလာ၊ ဘောင်းဘီချွတ်လိုက် ပြီးတော့ ကုတင်ပေါ်မှာလဲနေ၊ ကိုယ် စစ်ဆေးပေးမယ်”

An He တသဝေမတိမ်း လိုက်နာသောအားဖြင့် စမ်းသပ်ခန်းအတွင်းရှိ ကုတင်ဘေးသို့ သွားကာ သူ့ သားရေဘောင်းဘီကို ချွတ်လိုက်ပြီး ဗိုက်ပေါ်သို့ တင်ထားလိုက်သည်။ တင်းကျပ်နေသော အဖြူရောင် ကိုယ်ကျပ် အောက်ခံဘောင်းဘီက အထင်းသား …။

Zhao Kaiming လျှောက်လှမ်းလာပြီး လက်များက တခြားသူ၏ ပိုးသားလို နူးညံ့ကာ လုံးဝိုင်နေသော ဖင်တုံးလုံးပေါ် တင်ထားလျက်

“ဒီအတိုင်းသာဆို ကိုယ်မင်းကို စစ်ဆေးဖို့ နည်းလမ်းမရှိဘူး”

ပြောပြီးသည်နှင့် လက်တစ်ဖက်က အတွင်းခံဘောင်းဘီအစွန်းအား ဆွဲချလိုက်တော့ ဖြူဝင်းနေသည့် လုံးကျစ်ကျစ် တင်ပါးက ပေါ်လာသည်။

An He လန့်သွားကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။

Zhao Kaiming ကိုယ်ကို ကွေးချလိုက်ရင်း အနီးကပ်စမ်းသပ်ကြည့်နေသည်။ နှာခေါင်းမှ ထွက်လာသော လေပူများက An He ၏ တင်ပါးပေါ် ကျရောက်လျက်ရှိသည်။

An He သူ့ စအို အား ပြန်ကျုံ့လိုက်သည်။ သူဘာလုပ်ရမလဲ? တစ်စုံတစ်ခု ထပ်မံ စိမ့်ထွက်နေသလို ခံစားလိုက်ရသည်။

Zhao Kaiming တင်ပါးမှ အနည်းငယ် ဆုတ်လိုက်ကာ An He ၏ အသက်ရှူနှုန်းကဲ့သို့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသော ပန်းရောင်ဖျော့ဖျော့ အတွင်းကြွက်သားလေးများကို သေချာစစ်ဆေးနေသည်။ များမကြာမီ ကြည်လင်သော အရည်များ ထွက်လာပြီး အနီးအနား တွင် ရှိသော အမွှေးများကို စိုစွတ်သွားစေကာ အလင်းရောက်အောက်တွင် ရွှန်းစိုနေလေသည်။

Zhao Kaiming ရာဘာလက်အိတ် စွပ်မထား၊ သူ၏ ရှည်လျားသော လက်ညှိုးကို တိုက်ရိုက် အသုံးပြုပြီး အတွင်းကြွက်သားများကို ပွပ်သပ်ပေးနေသည်။ လက်ညှိုးနှင့် စအိုဝ ထိတွေ့သည်နှင့် ကျဉ်းမြောင်းသော အပေါက်ဝလေးက ချက်ချင်း ဆွဲငင်လိုက်ပြီး တင်းကျပ်စွာ ပြန်ပိတ်သွားလေသည်။

An He ညည်းသံများ အလိုလို ထွက်လာသည်။ မျက်နှာတစ်ပြင်လုံး နီရဲနေပြီ သွေးထွက်နေသကဲ့သို့ပင်။ သူ့အောက်ပိုင်းမှ ပြောင်းလဲလာမှုများကို အတိုင်းသား ခံစားနေရသည်။ ရှက်ကိုးရှက်ကန်း ဖြစ်တာထက် ဆာလောင်မှုက တိုးဝင်လာသည်။ Dr. Zhao လက်ညှိုး အထဲထိ ပိုဝင်လာဖို့ သူတောင့်တမိသည်။

An He ပိုလိုချင်လာတာကို ရိပ်မိတဲ့ Zhao Kaiming က လက်ညှိုးကို ပိုနက်အောင် ထပ်သွင်းလိုက်ကာ စူးစမ်းနေလေသည်။ လက်နှစ်ဆစ်မျှ ထပ်မံသွင်းလိုက်ပြီး တစ်စုံတစ်ခုအား ရှာဖွေသကဲ့သို့ စအို နံရံအား ငြင်သာစွာ မွှေနေလိုက်သည်။

An He မခံနိုင်စွာ တကိုယ်လုံး တွန့်လိမ်နေသည်။ သူ့အနေအထားအား လဲလျောင်းရာမှ ဒူးထောက်သလို နေလိုက်ကာ သူ၏ ထောင်မတ်နေသော အရာအား Dr.Zhao မမြင်အောင် ကာထားလေသည်။

Zhao Kaiming လက်တဖက် ဆန့်ထုတ်ကာ An He စိတ်ချလက်ချ နေရန်သဘောဖြင့် ကျောရိုးတစ်လျောက် ပွတ်သပ်ပေးနေသည်။

“သိပ်တင်းမထားပါနဲ့၊ ဒါ ပုံမှန် စစ်ဆေးမှုပဲ၊ ဒီလို ဖြစ်နေတာကို အူသိမ်တွင်းအရည်ကြည်စိမ့်ထွက် တာလို့ ခေါ်တယ်၊ တချို့လူတွေ ဒီထက် ပိုတောင် များများထွက်သေးတယ်၊ မင်း ဒီလို ဖြစ်နေတဲ့အချိန် နည်းနည်း အဆင်မပြေသလို ခံစားရလိမ့်မယ်၊ အခု ကိုယ်မင်းကို သက်သာအောင် လုပ်ရမယ့် နည်းလမ်း သင်ပေးမယ်၊ မင်း အူသိမ်က ဒီအရည်ကြည်တွေ ထွက်လာတိုင်း တင်းမထားနဲ့ ဒီလိုမျိုး အတွင်းကြွက်သားကို လျော့ပေး၊ ဒါမှ နည်းနည်းသက်သာသွားမှာ”

(A/N: ဒီလိုမျိုးဟာ အတွင်းသားမှ ဘက်တီးရီးယားတချို့ကြောင့် စိမ့်ထွက်လာခြင်းဖြစ်ပါတယ်၊ စာဖတ်သူတို့ အနေနဲ့ ဒီလိုမျိုး ဖြစ်လာခဲ့ရင် ဆရာဝန်ဆီ မနှေး သွားရောက်ပြသဖို့ တိုက်တွန်းလိုပါတယ် <Dr. Zhao Kaiming လို လူကိုတော့ ရှောင်ပေါ့ဗျာ xD>)

An He ခက်ခက်ခဲခဲ ကြိုးစားကာ ခေါင်းလှည့်လိုက်ပြီး အနောက်ဖက်ရှိ Zhao Kaiming ကို ဒွိဟဖြစ်နေသော မျက်နှာဖြင့် အာရုံစိုက်ကာ မေးလိုက်သည်။

“ကျွန်တော် ဘယ်လိုလုပ်သင့်လဲ?”

Zhao Kaiming တချက် ပြုံးပြလိုက်ပြီး

“ကိုယ်မင်းကို ဥပမာ အရင်ပြမယ်၊ သေချာလိုက်ကြည့်ထားနော်၊ ဟိုမှာ မှန်ကြီးတစ်ချပ်ရှိတယ်၊ အဲ့ကနေ သေချာလိုက်ကြည့်ထားလို့ရတယ်”

An He ဘေးကို လှမ်းကြည့်လိုက်တော့ လူတစ်ရပ်စာ မြှင့်တဲ့ မှန်တစ်ချပ်၊ သူနဲ့ Zhao Kaiming နှစ်ယောက်လုံး ပုံရိပ် ထင်ထင်ရှားရှား မြင်ရလောက်အောင် ကြီးသည်။ သေချာကြည့်လိုက်မှ သူရှက်သွားပြီ ကြောင်အမ်းအမ်း ဖြစ်နေသည်။ ယခု သူ့အနေအထားကြောင့် သူပိုရှက်ရသည်။ အိပ်ရာပေါ် မှောက်လဲနေရင်း ဖင်တုံးလုံးလေးက လေထဲ မြှောက်တက်နေသည်။ ထင်ထင်ရှားရှား မြင်ရဆို သူ့စအိုဝမှ ထွက်လာသော အရည်ကြည်များ သူ့ပစ္စည်းပေါ် ဖြတ်ပြီး တစိမ့်စိမ့်ထွက်ကျနေသည်ကို အတိုင်းသားမြင်နေရသည်။

Zhao Kaiming လက်တဖက်က သူ့ကျောပေါ်မှတဆင့် တင်ပါးပေါ် ရောက်ရှိနေပြီး ကျန်တစ်ဖက်မှ လက်ညှိုးက သူ့စအိုဝတွင်းသို့ တဝက်ခန့်မျှ ဝင်နေသည်။

Zhao Kaiming မျက်နှာက တကယ့် operation တစ်ခု ပြုလုပ်နေသကဲ့သို့ စိတ်နှစ်ထားပုံပေါ်နေသည်။ အာရုံကို စူးစိုက်ထားနေသော သူ့မျက်နှာက အရေးကြီးသော အရာတစ်ခုကို ပြုလုပ်နေသကဲ့သို့ပင် …

လုပ်ရကိုင်ရတာ ပိုအဆင်ပြေအောင် သူဒူးထောက်ချလိုက်သည်။ An He ၏ စအိုဝကို မျက်နှာချင်းဆိုင်လိုက်ပြီး လက်ညှိုးကို အသုံးပြုကာ စအိုအား ငြင်သာစွာ ထောက်စမ်းနေသည်။ တစ်ခါမျှ ထိုးသွင်းခြင်း မခံရသော နေရာတစ်ခု ဖြစ်သည့်အလျောက် တင်းကျပ်နေလေသည်။

ကံကောင်းစွာဖြင့် အူသိမ်မှ ထွက်သော အရည်များက အနီးအနားကို စိုစွတ်စေကာ သူ့လက်ညှိုးကို အားသိပ်မသုံးလိုက်ရ၊ အတွင်းသို့ အဆင်ပြေစွာ ဝင်ရောက်သွားသည်။ Zhao Kaiming လက်ညှိုးမှာ ရှည်လျားလှသည်။

လက်ညှိုးတစ်ချောင်းလုံး ဝင်သွားပြီးနောက်မှာတော့ An He သူ့ကိုယ်မှ ငြင်းပယ်ခြင်းကို အနည်းငယ် ခံစားလိုက်ရသည်။ နူးညံ့သော သူ့အတွင်းသားလေးများက တုံပြန်မှုအလွန်မြင့်မားသည်။ ထိတွေ့မှုတစ်ခုတောင် သူ့အား မထိန်းချုပ်နိုင်အောင် နိုးကြွလာစေသည်။

An He တကယ်ကြီး ရှက်နေမိသည်။ ဒါပေမဲ့ မနေနိုင်မထိုင်နိုင် ကြည့်လည်း ကြည့်ချင်သည်။ အနေအထားတချက် ပြောင်းလိုက်ပြီး Zhao Kaiming ၏ လှုပ်ရှားမှုများကို သေချာ လိုက်ကြည့်နေသည်။

Zhao Kaiming က An He တင်ပါးတစ်ခုလုံးကို ဖြေလျော့ပေးနေရင်း

“စိတ်လျော့ထား”

စကားဆုံးသည်နှင့် လက်ညှိုးကို ပြန်ထုတ်လိုက်ကာ နောက်တစ်ခါ လက်နှစ်ချောင်း ထပ်မံ ဖိသွင်းလေသည်။

An He ညည်းသံ တိုးတိုးလေး ထွက်တကာ လက်ထိပ်ကို ကိုက်ထားနေသည်။ ခါးကို နိမ့်ဆင်းလိုက်တော့ တင်ပါးက ပိုကောက်ထွက်လာသည်။ စအိုမှာတော့ တဖြည်းဖြည်း လျော့လာသည်။ လက်ချောင်းများက အတွင်းရှိ နူးညံသော အတွင်းသားကို ပွတ်တိုက်နေသောကြောင့် တဆတ်ဆတ် တုန်ယင်လာကာ ထပ်မံထိုးဖောက် ဝင်စေလိုလာသည်။

“အာ မလောပါနဲ့ကွာ”

Zhao Kaiming တင်ပါးကို တချက်ရိုက်ပြီး ထရပ်လိုက်ကာ လက်ချောင်းများကို ထုတ်လိုက်သွင်းလိုက် လုပ်နေသည်။ ထို့နောက် An He ကျောပေါ် အသာလေး လျောင်းလိုက်ရင်း ပုခုံးကို ဖပ်ဖွဖွလေး နမ်းလိုက်သည်။

“ခံစားလို့ ကောင်းလား?”

An He သူ့တကိုယ်လုံး အင်အားမရှိတော့သလို ခံစားလိုက်ရသည်။ ကုတင်ကို ထောက်ထားသော ပုခုံးနှစ်ဖက်က သူ့ကိုယ်ခန္ဓာကိုယ်ကို ထိန်းထားပေသည်။

ပြင်းရှသော အနမ်းများက သူ့တကိုယ်လုံးကို တုန်ယင်လာစေပြီး သူ့ညီငယ်လည်း ထောင်မတ်လာကာ ပေါက်ကွဲလုမတတ် ….

တကိုယ်လုံး မထိန်းချုပ်နိုင်တော့ကာ အိပ်ယာပေါ် တန်း ပစ်လဲကျသွားသည်။ အနောက်ဖက်မှ လက်ချောင်းများကတော့ ပြွတ်ခနဲ လျောထွက်သွားသည်။